Tuesday, November 5, 2019

Site Organization and Planning နှင့်ပတ်သတ်လို့

Site Organization and Planning နှင့်ပတ်သတ်လို့ (၁)
      ဒီပို့စ်လေးမှာပြောချင်တာကတော့ ဒီ Construction Site နဲ့ပတ်သတ်လို့ စီစဉ်မှု Arrangement တွေနဲ့ပတ်သတ်လို့ Site Organization ဆိုတာလေးကိုသိသလောက် ကျွန်တော်ရေးသားသွားမှာဖြစ်ပါတယ်...ဒီတော့ Construction Site နဲ့ပတ်သတ်လို့ ....အရင်ဆုံး Site ကိုဘယ်လို ပုံစံ သတ်မှတ်ပြီး ဘယ်လိုပုံစံ ပြုလုပ်ဖို့ရာ Schedule တွေ ရေးဆွဲ၇ပါမယ်...သူ့ရဲ့ Characteristics သွင်ပြင်တွေကိုသတ်မှတ်ပေး၇ပါတယ်...
1. A unique set of co-ordinate activities (Project မစခင်မှာ တိကျသေချာတဲ့ ညှိနိုင်းဆောင်ရွက်မှု ဆွေးနွေးမှုများကိုပြုလုပ်၇ပါတယ် ပြီးသွားရင်တော့ သက်ဆိုင်ရာရဲ့ Approval ကိုယူ၇ပါတယ်)
2. Definite Starting and Finishing point (Project မစခင်မှာ တိကျသေချာတဲ့ Construction starting date တွေရယ် Completion Date တွေရယ်ကို သတ်မှတ်ပေး၇ပါတယ် ဘယ်နေ့ဘယ်အချိန်ကစလို့ ဘယ်အချိန်မှာ အပြီးသတ်မလဲပေါ့ ဒါကလဲအရေးကြီးတဲ့အချက်ထဲမှာပါဝင်ပါတယ်)
3. Undertaken by an individual or organization (Project မစခင်မှာ သေချာတဲ့ တာဝန်ယူဆောင်ရွက်မယ့် အဖွဲအစည်း သို့ သီးခြား အဖွဲ့တခုခုကနေပြီးတော့ သူတို့ဘာတွေကိုတာဝန်ယူဆောင်ရွက်၇မှာတွေကို သတ်မှတ်၇ပါတယ် Approval တွေယူ၇ပါတယ်)
4. To meet specific objectives within defined schedule (Project ကာလအတွင်းမှာ သတ်မှတ်ထားတဲ့ Approved ဖြစ်ထားတဲ့ အစီအစဉ် Schedule အတိုင်း လိုက်နာဆောင်ရွက်၇ပါမယ် ပြော၇ရင်တော့ အားလုံးက သူ့အစီအစဉ်အတိုင်းကိုလိုက်နာဆောင်ရွက်၇မှာဖြစ်ပါတယ်)
5. Cost and Performance Parameters ( Project ကာလအတွင်းနဲ့ Project ပြီးဆုံးသည်အထိ Project Cost (ကုန်ကျမည့်တန်ဖို့း မည်သို့မျှ) နဲ့ သူတို့ရဲ့ စွမ်းဆောင်နိုင်မှု Performance တွေကို သူတို့ရဲ့ ကန့်သတ်ထားသော ဒါမှမဟုတ် Contract စာချုပ်အတိုင်းကို ကြီးကြပ်၇မှာပါ)
ဒီအချက်လေးတွေကတော့ သူ့အစီအစဉ်တိုင်းပြုလုပ်၇မယ့် သဘောတရား သွင်ပြင် လက္ခဏာတွေပါပဲခင်ဗျာ.....
      နောက်တခု အရေးကြီးတဲ့အချက်ကတော့ Project Life Cycle လို့ခေါ်တဲ့ Project ကိုဘယ်လိုအစီစဉ်တွေနဲ့ Run သွားမလဲပေါ့ ဒါတွေကိုလည်းသတ်မှတ်ပြီးသားဖြစ်၇ပါမယ် ... Project life cycle မှာဘယ်လိုအစီအစဉ်တွေပါဝင်၇မလဲဆိုတာကိုတော့ ကျွန်တော်အကြမ်းဖျင်း လေးပြောပြပါ့မယ်...
1. Concept and Basic Idea (Project ကိုဘယ်လိုလုပ်လိုက်ရင်ကောင်းမလဲ စသဖြင့်အခြေခံ Idea လေးတွေကိုပါ ထည့်သွင်းစဉ်းစားပေး၇ပါတယ်)
2. Market demands and perceived needs (ဈေကွက်အခြေနေလိုအပ်ချက်နဲ့လိုအပ်ချက်တွေကိုလေ့လာ၇ပါမယ်)
3. Establishes goals and Estimate of resources needed (Project ကိုဘယ်လိုကောင်းအောင်အပြီးသတ်မလဲဆိုတဲ့ ရည်မှန်းချက် တွေကိုလဲ အခြေခိုင်အောင် သတ်မှတ်၇ပါမယ် ပြီးတော့ ဘယ်လိုမျိုး Resources (လူအင်အား အရင်းအမြစ် နဲ့ ကုန်ပစ္စည်း) စသည်တို့ကို လည်းအကြမ်းဖျင်းသတ်မှတ်ထားပါတယ်)
4. Feasibility,Test for Commercial, Financial and Technical viability ( ဒါတော့ Project ရဲ့အကျိုးအမြတ် ငွေရေးကြေးရေးဆိုင်ရာ နည်းပညာပိုင်းဆိုင်ရာတွေကို ထည့်သွင်းစဉ်းစား၇မှာဖြစ်ပါတယ်)
5. Evaluation and application for funds, stating risks (Project ရန်ပုံငွေနဲ့ပတ်သတ်တာတွေကို ဘယ်လိုအသုံးပြုမလဲဆိုတာ စဉ်းစား၇ပါမယ် ပြီးတော့ဘယ်လိုမျိုး Defect တွေဖြစ်လာနိုင်သလဲ ဒါတွေကိုလည်းစဉ်းစားပေး၇ပါမယ်)
6. Authorization and Conditions attached (ဒါကတော့ ဘာပဲလုပ်လုပ် သက်ဆိုင်ရာ authority တွေရဲ့ condition တွေကိုဘယ်လိုလိုက်နာ၇မလဲဆိုတာတွေကိုထည့်သွင်းစဉ်းစားပေး၇ပါမယ်)
7. Implementation design and procurement (Project ကာလအတွင်း Approved ဖြစ်ထားတဲ့ Design တွေနဲ့ ဘယ်လိုပြီးစီးအောင်ဆောင်ရွက်၇မယ်ဆိုတာတွေပါ ထည့်သွင်းစဉ်းစား၇မှာဖြစ်ပါတယ်)
8. Control and Accountability-review and updates (ဒါကတော့ Project ရဲ့ ပြီးစီးတဲ့အခြေအနေတွေ ဘယ်နေရာမှာ additional လုပ်တာတွေကို အမြဲတမ်း control လုပ်၇မယ် update လုပ်ပေး၇ပါမယ်)
9. Completion and Handover (Project ရဲ့ ပြီးဆုံးမယ် အခြေနေတွေရယ် ဘယ်အချိန်မှာပိုင်ရှင်ကို  လွဲပြောင်းပေး၇မယ် လွဲပြောင်းပေးရင်ဘယ်လိုအခြေနေမျိုး မည်သည့် စာရွက်စာတမ်း စသဖြင့်ကိုထည့်သွင်းစဉ်းစားပေး၇ပါမယ်)
10. Operation-revenue planning and control procedure (လွဲပြောင်းပြီးအခြေနေမှာ နောက်ပိုင်း ဘယ်လို ထိမ်းသိန်း၇မယ် Services တွေပေး၇မယ်ကအစ ငွေရေးကြေးရေးတွေဘယ်လို contract ပြုလုပ်ထားတယ် ဘယ်လိုအစီအစဉ် တွေနဲ့ ဘယ်လိုထိမ်းချုပ်၇မယ်ကို ပါ စဉ်းစားပေး၇ပါမယ်)
11. Disposal of residual assets (ဒါကတော့နောက်ဆုံးအခြေအနေပေါ့  အရှုပ်အရှင်းတွေကို ဘယ်လိုကိုင်တွယ်ဖြေရင်း၇မလဲဆိုတာပေါ့)


Site Organization and Planning နှင့်ပတ်သတ်လို့ (၂)

        ကဲအပိုင်း (၂) ကလေးဆက်လိုက်ကြ၇အောင်.. ကျွန်တော်အရှေ့မှာပြောခဲ့တဲ့ Project Characteristics တွေနဲ့ Project Life Cycle တွေကတော့ Project အတွက်မရှိမဖြစ်လိုအပ်တဲ့ Arrangement တွေပါပဲ...အဲဒါတွေပြီးသွားလို့ နောက်တခုအရေးကြီးတာကတော့ Project Policy ပါပဲ သူကိုတော့ Project ကိုအုပ်ချုပ်မဲ့ Project Manager တွေကပဲကိုင်တွယ်ပါတယ်.... Project Manager တွေကတော့ Owner တွေဘက်ကဖြစ်နိုင်သလို Main Contractor တွေဘက်ကဖြစ်နိုင်ပါတယ်
အောက်မှာ ပုံလေးပေးထားပါတယ်....



 ပေးထားတဲ့ပုံလေးမှာတော့ အဓိကလေးချက်ပါဝင်ပါတယ် ဒါတွေကလဲ Construction တခုစရင်
မဖြစ်မနေပါဝင်၇မှာဖြစ်ပါတယ် သူတို့တွေကတော့....
1. Quality (တည်ဆောက်ရေးမှာပါဝင်မဲ့ ပစ္စည်းတွေအားလုံးဟာ ကောင်းမွန်ပြီးသက်ဆိုင်ရာက ခွင့်ပြုချက်ရပြီးဖြစ်၇ပါ့မယ်)
2. Delivery (ဒါကတော့ ပစ္စည်းပို့မယ့်အချိန်တွေ ပစ္စည်းထားသို၇မယ့်နေရာတွေ ဒါတွေအားလုံးကို သေချာစွာထည့်သွင်းစဉ်းစား၇ပါ့မယ်)
3. Safety (ဒါကတော့လုံးဝအရေးကြီးပါတယ် စင်ကာပူမှမဟုတ်ပါဘူး မည်သည့်နိုင်ငံမဆို အလေးပေးထားသင့်တာကတော့ လုပ်ငန်းခွင်အန္တရယ်ကင်းရှင်းရေးပါပဲ Safety နဲ့ပတ်သတ်တဲ့ Activities တွေကို ပြုလုပ်ထား၇ပါ့မယ်)
4. Environment (ဒါလဲအရေးကြီးပါတယ် တည်ဆောက်ရေးလုပ်ငန်းလုပ်တော့မယ်ဆို သန့်ရှင်းဖို့နဲ့ ဆူညံမှုမဖြစ်ဖို့ ပတ်ဝန်းကျင် လူနေအိမ်များကိုအနှောက်ယှက်မဖြစ်ဖို့ကိုထည့်သွင်းစဉ်းစားပေး၇ပါ့မယ်...NEA (National Environment Agency), PUB (Public Utilities Board), LTA (Land Transport Authorities ) တို့ရဲ့ လိုအပ်ချက်တွေနဲ့ကိုက်ညီ၇ပါ့မယ်....
နောက်တခုအရေးကြီးတဲ့အချက်တခု ပြောဖို့ ကျန်နေခဲ့ပါတယ် သူကတော့ Site Layout Planning နဲ့ပတ်သတ်လို့ပေ့ါ သူကလဲ Project စဖို့ Planning ပြုလုပ်တဲ့အချိန်မှာ ထည့်သွင်းစဉ်းစား၇မှာ
ဖြစ်ပါတယ်...အရေးကြီးတဲ့ Factors တွေကိုကျွန်တော် အောက်မှာ ဖော်ပြပေးသွားမှာပါ...
1. Location of Entry and Exit (Site မစတင်ခင်မှာပဲ ဒါတွေကိုရွေးချယ်၇မှာပါ ဥပမာ Material  Delivery လုပ်မယ့် အဝင်ထွက်နေရာတွေကအစပေါ့)
2. Location of existing and planed services (Site မစခင်မှာပဲ အရင်ထဲကတည်ရှိနေတဲ့ Services တွေကို စစ်ဆေးထား၇ပါ့မယ် ဥပမာ ရေမြောင်းတို့ ဘာတို့ပေါ့ တချို့ကြတော့လဲ လက်ကျန်အဆောက်အုံအဟောင်းရဲ့ စပ်ဆက်နေတဲ့ underground services တွေပေါ့)
3. Security and Public Protection (ဒါကတော့ရှင်းပါတယ် ကာကွယ်မှုတွေပါ)
4. Site Topography (မြေမျက်နာသွင်ပြင်ပေါ့ Soil Test တွေလုပ်၇ပါ့မယ် ဘယ်လို Pile မျိုးကိုအသုံးပြု၇မယ်ပေါ့ ... Pile နှင့်ပတ်သတ်လို့ ကျနော် Structural အနေနှင့် နောက်များမှ ပို့စ်တခုတင်မှာပါ)
5. Size , Location of Size, Building Design ( ဒါတွေကတော့ Architect နှင့်သတ်ဆိုင်မှုတွေပါ Construction Site အရွယ်အစား တည်နေရာ ဒီဇိုင်းတွေတွေပေါ့)
6. Construction Method (ဒါကတော့လဲ ဘယ်လို Program တွေနဲ့ဘယ်လို Construction Site ကိုပြုလုပ်မလဲဆိုတာကို ထည့်သွင်းစဉ်းစားပေးမှာဖြစ်တယ်)
7. Plant, Equipment types and Limitation ( ဒါကတော့ Architect ကသတ်မှတ်ထားတဲ့ အဆောက်အဦးမှာ မိမိတို့ထည့်သွင်းမဲ့ ပစ္စည်းပေါ့ ဥပမာ Transformer Room ဆိုရင်လဲ Archi ကသတ်မှတ်ထားတဲ့ဘောင်အတွင်း Transformer ကို access ပြုလုပ်နိုင်၇ပါ့မယ် Carpark တွေမှာဆိုရင်လဲပဲ Exhaust Fan တွေက သတ်မှတ်ထားတဲ့ Head room (Limitation of Height ဥပမာ ... ကားထားတဲ့နေရာ (သို့) Drive way (ကားသွားတဲ့နေရာ) တွေမှာ အမြင့်က ဘယ်လောက်ရှိ၇မယ်ပေါ့ အမြင့်ဆိုတာက ကြမ်းပြင်နဲ့ အပေါ် Slab အထိပေါ့ ကားဝင်ထွက်လုပ်လို့၇မယ့်အခြေနေ ပေါ့) ဒါတွေကိုသတ်မှတ်ထား၇ပါတယ်
8. Beside MRT (Mass Rapid Transit) Structure (စင်ကပူမီး၇ထားလမ်းနဲ့ဘယ်လောက်ကွာ၇မယ်ပေါ့ စသဖြင့်)
9. Other Contract Requirement (ဥပမာ Show Flat (သူကတော့ ဝယ်သူတွေကိုပြသ၇မယ့်အခန်းပုံစံပါ ကွန်ဒိုတွေမှာပါဝင်မယ့်အခန်းပုံစံအတိုင်း တခန်းကိုနမူနာ အားလုံးအပြည့်စုံတည်ဆောက်ပြီး ပြသထားတဲ့ နေရာပါ)
10. Meeting with Authority Requirements (ဒါကတော့ သက်ဆိုင်ရာရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီနေရပါ့မယ်)
ဒါတွေအားလုံးဟာ သူ့နေရာနဲ့သူ အဆက်ဆက်မိနေတဲ့သဘောတွေပါ.....
နောက်တခုကတော့ Construction Method နှင့်ပတ်သတ်လို့ Program နှစ်ခုရှိပါတယ် သူတို့ကတော့
1. Master Construction Programme (MCP)
2. Detailed Construction Progrmme (DCP)
1. Master Construction Programme (MCP)
    သူကတော့ ဆရာကြီးပေါ့ သူ့ပြီးမှ Detailed ကလာတာလေ Master ဆိုတဲ့အတိုင်းအချုပ်ပေ့ါ Contractors တွေရဲ့ Scope of work တွေ ပြီးတော့, ပြုလုပ်ထားတဲ့ Consultant ဒီဇိုင်းတွေပေါ့
အားလုံးက Authority တွေရဲ့ Requirement တွေနဲ့ပြည့်စုံ၇ပါ့မယ်...သူ့မှာပါဝင်တဲ့ Main Elements တွေကတော့...
Contract Commencement Date (စတင်၇မဲ့ရက်)
Design Completion Deadlines (ဒီဇိုင်းနဲ့ပတ်သက်လို့ ပြီးစီးရက်)
Approval / permit date (approval နဲ့ ခွင့်ပြုချက်၇ယူ၇မယ့် date တွေ)
Submission Deadlines (materials , drawing submission ပြုလုပ်၇မယ့် date တွေ)
Production Lead Time (Project အတွက် အသုံးပြု၇မယ် ပစ္စည်း အော်ဒါမှာမှု ထုတ်လုပ်မှုတွေ)
Overall Construction Duration (ကြာချိန်တွေ)
Testing and Commissioning (စစ်ဆေး၇မှာတွေ)
Authority Inspections and Approval (သက်ဆိုင်ရာ တွေရဲ့စစ်ဆေးမှုတွေ ဥပမာ BCA , RI (Registered Inspector), RTO (Resident Technical Officer ) စသဖြင့်တို့ရဲ့ စစ်ဆေးမှုတွေပေါ့
Contract Completion Date (စာချုပ်သက်တမ်းကုန်လို့ Handover လုပ်၇မှာတွေ)
စသဖြင့်ပါဝင်ကြပါတယ်....

1. Detailed Construction Programme
      သူကတော့ Master Programme ကိုအခြေခံထားပြီးတော့ ပြင်ဆင်၇တာပါ ...အဓိကတော့ Sub contractors တွေ ကနေပြင်ဆင်၇မယ့် သဘောတရားပါပဲ အဲဒိ sub contractor တွေကပဲ ဒီ Programme ကိုပြင်ဆင်ခွင့်ရှိပါတယ် ပြီးရင်တော့ Project Manager ကနေ့ approval ပေး၇ပါတယ် ပြီးရင် Master programme ထဲကို incorporate ပြုလုပ်၇ပါတယ် ခင်ဗျာ ကဲသူ့မှာပါဝင်တဲ့ key features လေးတွေရှပါတယ်ခင်ဗျာ ကြည့်လိုက်ပါအုံး....
Production and Delivery lead times (သတ်မှတ်ချက်တွေ)
Installation and Execution Duration (သတ်မှတ်ချက်တွေ)
Testing and Commissioning Duration (သတ်မှတ်ချက်တွေ)
All task Dependencies and Linkages (သတ်ဆိုင်ရာလုပ်ငန်းအားလုံးရဲ့ဆက်နွယ်မှီခိုမှုတွေ)
Resources Allocation (သက်ဆိုင်ရာဆက်နွယ်မှု တွေ ခန့်ခွဲမှုတွေ)
စသဖြင့် အားလုံးပါဝင်ကြပါတယ်.......ခြုံှကြည့်၇မယ်ဆိုရင်တော့ MCP နဲ့ DCP တွေကတော့ Project Life Cycle နဲ့ပတ်သတ်နွယ်ဝင်နေပါတယ် Life cycle ကတော့ အားလုံးရဲ့ Overview ပုံစံအနေနဲ့ပေါ့......
ပြီးတော့ကျွန်တော် Site Organization Chat လေးနှင့် ၂ ခုကို အောက်မှာဖေါ်ပြပေးထားပါတယ် ကြည့်လိုက်တာနဲ့သိသွားမှာပါ ....






Site Organization Chart NO 1



Legend:
M&E= Mechanical and ELectrical
C&S = Civil and Structure
QS= Quantity Surveyor
ဒီ ပုံလေးက လင့်လေးကိုကြည့်ရုံမျှဖြင့် နားလည်မယ်လို့တော့ထင်ပါတယ်ခင်ဗျာ....
နောက်ထပ်တစ်ပုံကတော့.....

Site Organization Chart NO 2




No comments:

Post a Comment

အောင်ပွဲနဲ့အတူတူ အိမ်ပြန်လှခဲ့ပြီ 👍👍👍👍👍👍👍👍👍👍👍 #Credit Nay Thway

အောင်ပွဲနဲ့အတူတူ အိမ်ပြန်လှခဲ့ပြီ 👍 👍 👍 👍 👍 👍 👍 👍 👍 👍 👍 # Credit  Nay Thway ဒီနေ့ အပြီးသတ်လျှောက်လဲချက်မှာတော့ မြန်မာဘက်က...