Tuesday, November 5, 2019

အုန်းဆီ ရဲ့ ဆန်းကြယ်သော အသုံးဝင်ပုံ ၁၀ ချက် အုန္းဆီ ရဲ ႔ ဆန္းၾကယ္ေသာ အသံုး၀င္ပံု ၁၀ ခ်က္

အုန်းဆီ ရဲ့ ဆန်းကြယ်သော အသုံးဝင်ပုံ ၁၀ ချက်

အုန်းဆီကို လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာကတည်းက အသုံးပြုလာကြတာဖြစ်ပြီး ယနေ့ထိတိုင် အသုံးအများဆုံး သဘာဝဆေးဖက်ဝင်ပစ္စည်းအဖြစ် ကမ္ဘာတစ်လွှားမှာ အသုံးပြုနေကြဆဲပါ။ သူ့ရဲ့ကောင်းကျိုးတွေဟာ ဟင်းချက်တဲ့ဆီ ကစပြီး အလှအပအလယ် ဆေးကုသခြင်းအဆုံး အမျိုးမျိုး အသုံးဝင်ပါတယ်။ အုန်းဆီကို အသုံးပြုနိုင်တဲ့နည်းလမ်း ၁၁ မျိုး ကိုအောက်မှာဖော်ပြထားပါတယ်။

မိတ်ကပ်ဖျက်ဆေး
အုန်းဆီဟာအသားအရည်အတွက်ကောင်းတာကြောင့် မိတ်ကပ်ဖျက်ဆေးအဖြစ်အသုံးပြုတာက သင်ထင်ထားတာထက်
ပိုပြီးကောင်းမွန်နေပါလိမ့်မယ်။ လက်ဖက်ရည်ဇွန်းတစ်ဇွန်း သို့မဟုတ် ပိုနည်းတဲ့ ပမာဏက သင့်မိတ်ကပ်တွေကို အလွယ်တကူ ဖျက်ပေးနိုင်ပါတယ်။ အုန်းဆီဟာ မျက်လုံးကိုထိခိုက်မှုလည်းမဖြစ်စေတာကြောင့် မျက်လုံးပေါ်ခြယ်သထားတဲ့ မိတ်ကပ်တွေကို စိတ်ချလက်ချဖျက်နိုင်မှာပါ။

နှုတ်ခမ်းလိမ်းဆေးအဆီ (lip balm)
ခြောက်သွေ့နေတဲ့နှုတ်ခမ်းသားတွေက တကယ်ကို သက်တောင့်သက်သာမရှိစေတာပါ။ အလှကုန်တွေဖြစ်တဲ့ နှုတ်ခမ်းလိမ်းဆေး တွေကလည်း ဓာတုပစ္စည်းတွေသုံးပြီး လုပ်ထားတာဖြစ်တဲ့အတွက် တကယ်တမ်း ကျန်းမာရေးအတွက် မကောင်းလှပါဘူး။ သဘာဝနည်းကတော့ သေချာပေါက်ပိုကောင်းတာပေါ့။ အုန်းဆီကို သူ့ရဲ့ ကုစားပေးနိုင်တဲ့အစွမ်းကြောင့် နှုတ်ခမ်းအဆီ အဖြစ်အသုံးပြုနိုင်ပါတယ်။ ပိုပြီးလည်း စိတ်ချရတာပေါ့။

အသားအရည်ထိန်းသိမ်းခြင်း
လိုချင်တဲ့ ရလဒ်ကိုရဖို့ လိုးရှင်း တွေနဲ့ ခရင်မ်တွေအပြင် အခြားပစ္စည်းတွေကိုလည်း သင့်အသားအရေပေါ်တင်နေရပါတယ်။ ဒါပေမယ့် သူတို့မှာလည်း ဓာတုပစ္စည်းတွေပါဝင်တာကြောင့် အနည်းနဲ့အများတော့ ဘေးထွက်ဆိုးကျိုးတွေရှိမှာပါ။ အုန်းဆီက ဒီပြဿနာကို အလွယ်တကူဖြေရှင်းပေးနိုင်ပါတယ်။ အုန်းဆီဟာ မော်လီကျူ အလေးချိန် နည်းတာကြောင့် အရေပြားက အလွယ်တကူစုပ်ယူနိုင်ပြီး အသားအရေကို ဆဲလ်တွေထဲထိ ပိုမိုကောင်းမွန်လာစေပါတယ်။ အုန်းဆီမှာပါဝင်တဲ့ အက်ဆစ်တွေဟာ ရေဓာတ်လျော့ခြင်းနဲ့ ရောင်ရမ်းခြင်းကို လျှော့ချပေးနိုင်ပါတယ်။ မျက်နှာသစ်ခြင်းမှစ လက်ဆေးသည်အထိ သို့မဟုတ် ရေချိုးသည်အထိ နှစ်သက်ရာနည်းအမျိုးမျိုး အသုံးပြုနိုင်ပါတယ်။

ဆံပင်ထိန်းသိမ်းခြင်း

အုန်းဆီရဲ့ လူသိများတဲ့အကျိုးကတော့ ဗောက်တွေလျော့နည်းစေခြင်းပါ။ အခြားကောင်းကျိုးတစ်ခုက အုန်းဆီကို ပျော့ဆေးအဖြစ်အသုံးပြုနိုင်ပါသေးတယ်။ ဒီလိုအသုံးပြုခြင်းက ပျက်စီးနေတဲ့ဆံပင်တွေကို ပြန်ကောင်းလာစေပြီး တောက်ပတဲ့ ဆံကေသာအဖြစ် ပြန်ပြီးမြင်ရအောင်လုပ်ပေးနိုင်ပါတယ်။

နှလုံးရောဂါ
လူသိများတဲ့ ဒဏ္ဍာရီတစ်ခုအရတော့ အုန်းဆီဟာ နှလုံးရောဂါအတွက်မကောင်းပါဘူးတဲ့။ လက်တွေ့မှာတော့ အုန်းဆီက နှလုံးရောဂါအတွက်ကောင်းပါတယ်။အုန်းဆီမှာ Lauric acid ၅၀ ရာခိုင်နှုန်း ပါဝင်ခြင်းက ကိုလက်စထရောပမာဏ မြင့်ခြင်းနဲ့ သွေးတိုးခြင်းတို့ကို ကာကွယ်ပေးနိုင်ပြီး နှလုံးအခြေအနေကို ပိုပြီးတိုးတက်လာစေပါတယ်။ ဒါက သွေးလွှတ်ကြောတွေ ဒဏ်ရာရခြင်းကနေလည်း အနည်းငယ်ကာကွယ်ပေးနိုင်ပါသေးတယ်။
အလေးချိန်လျှော့ခြင်း
ကြားရတာတော့ တစ်မျိုးကြီးဖြစ်နေမှာပါ။ ဒါပေမယ့် အုန်းဆီမှာပါဝင်တဲ့ အဆီအက်ဆစ် က သင့်ကိုဝစေနိုင်တဲ့အဆီတွေကို တိုက်ဖျက်ရာမှာ အသုံးဝင်ပါတယ်။ အုန်းဆီကို နေ့စဉ်အသုံးပြုသူတွေက ခံတွင်းပိုကောင်းတာမို့ အစာပိုပြီးတောင့်တနေတာ၊အစားလွန်တာမျိုးတွေ မခံစားရပါဘူး။ အုန်းဆီဟာ အစာချေဖျက်ခြင်းကို ပိုမိုလွယ်ကူစေပြီး ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်ကို ပိုပြီးမြန်ဆန်စေပါတယ်။

ခုခံအား
ပါဝင်တဲ့အက်ဆစ်အမျိုးအစားများပြားခြင်းနဲ့ အခြားသောအသုံးဝင်တဲ့ပစ္စည်းတွေကြောင့် အုန်းဆီကို ခုခံအားမြှင့်တင်ပေးတဲ့အရာအဖြစ်လည်း အသုံးပြုလို့ရနိုင်ပါတယ်။ ရေယုန်၊ တုပ်ကွေး ၊ cytomegalovirus နဲ့ HIVလိုရောဂါမျိုးတွေကိုဖြစ်စေနိုင်တဲ့ ရောဂါပိုးတွေနဲ့လည်း အုန်းဆီက ရင်ဆိုင်နိုင်ပါတယ်။

အစာချေခြင်း
အစာအိမ်နဲ့ အစာချေဖျက်ခြင်းဆိုင်ရာ ပြဿနာတွကို အုန်းဆီအသုံးပြုခြင်းနဲ့ ကာကွယ်နိုင်ပါတယ်။ ဒီလိုလုပ်ခြင်းက အစာချေစနစ်ကိုတိုးတက်စေပြီး ဝမ်းဗိုက်ကို အမျိုးမျိုးသော အန္တရာယ်ဖြစ်စေနိုင်တဲ့ မှိုတွေ၊ ကပ်ပါးနဲ့ ဘက်တီးရီးယားတွေရန်ကနေ ကာကွယ်ပေးပြီး ဗီတာမင်တွေ၊ သတ္တုဓာတ်တွေနဲ့ အာဟာရတွေကို စုပ်ယူပေးခြင်းကိုတော့ မြှင့်တင်ပေးနိုင်ပါတယ်။

ပိုးဝင်ခြင်းနဲ့ ကုသခြင်း
ဒဏ်ရာရနေတဲ့နေရာမှာ အုန်းဆီကိုထည့်ပေးနိုင်ပါတယ်။ အုန်းဆီမှာ အံ့သြစရာကောင်းတဲ့ ကုစားနိုင်စွမ်းတွေရှိပါတယ်။ အုန်းဆီဟာ ဘက်တီးရီးယားတွေ ဖုန်မှုန့်တွေနဲ့ အခြား အန္တရာယ်ရှိပစ္စည်းတွေကို ခန္ဓာကိုယ်ထဲမဝင်အောင် ထိန်းသိမ်းနိုင်ဖို့အကာအရံတစ်ခုလုပ်လိုက်ပါတယ်။ သူက အသားအရည်ထိခိုက်သွားတာကို ပြန်လည်ကုသပေးတဲ့ လုပ်ငန်းစဉ်ကိုလည်း ပိုမိုမြန်ဆန်စေပါသေးတယ်။

အိပ်ဆေး
အုန်းဆီနဲ့နှိပ်ပေးခြင်းဟာ သောကတွေစိုးရိမ်ပူပန်မှုတွေကို လျှော့ချပေးနိုင်တာကြောင့် သက်တောင့်သက်သာအနားယူနိုင်ပြီး ငြိမ်းချမ်းစွာအိပ်စက်နိုင်မှာပါ။

အထက်ဖော်ပြပါအချက်တွေက လူတွေအသုံးများတဲ့နည်းလမ်းတွေပါ။ အုန်းဆီဟာလူသားတွေအတွက် အံ့သြစရာကောင်းတဲ့ သဘာဝရဲ့လက်ဆောင်ဖြစ်တာကြောင့် သူ့ကိုသုံးလို့ရတဲ့နည်းလမ်းတွေ အများကြီးရှိနေပါသေးတယ်။ အုန်းဆီရဲ့ အကျိုးသက်ရောက်မှုဟာ ကောင်းလွန်းတာကြောင့် ကျန်းမာရေးအတွက်ထုတ်တဲ့ပစ္စည်းတွေမှာတောင် ထည့်သွင်းအသုံးပြုနေကြပါပြီ။ ဒီလိုဆန်းကြယ်လှတဲ့အုန်းဆီဟာ သင့်အတွက်လည်း အသုံးဝင်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Credit : Hello Health Group
အုန္းဆီ ရဲ ႔ ဆန္းၾကယ္ေသာ အသံုး၀င္ပံု ၁၀ ခ်က္

အုန္းဆီကို လြန္ခဲ့တဲ့ ရာစုႏွစ္ေပါင္းမ်ားစြာကတည္းက အသံုးျပဳလာၾကတာျဖစ္ျပီး ယေန႔ထိတိုင္ အသံုးအမ်ားဆံုး သဘာ၀ေဆးဖက္၀င္ပစၥည္းအျဖစ္ ကမၻာတစ္လႊားမွာ အသံုးျပဳေနၾကဆဲပါ။ သူ႕ရဲ႕ေကာင္းက်ိဳးေတြဟာ ဟင္းခ်က္တဲ႔ဆီ ကစျပီး အလွအပအလယ္ ေဆးကုသျခင္းအဆံုး အမ်ိဳးမ်ိဳး အသံုး၀င္ပါတယ္။ အုန္းဆီကို အသံုးျပဳနိုင္တဲ့နည္းလမ္း ၁၁ မ်ိဳး ကိုေအာက္မွာေဖာ္ျပထားပါတယ္။

မိတ္ကပ္ဖ်က္ေဆး
အုန္းဆီဟာအသားအရည္အတြက္ေကာင္းတာေၾကာင့္ မိတ္ကပ္ဖ်က္ေဆးအျဖစ္အသံုးျပဳတာက သင္ထင္ထားတာထက္
ပိုျပီးေကာင္းမြန္ေနပါလိမ့္မယ္။ လက္ဖက္ရည္ဇြန္းတစ္ဇြန္း သို႔မဟုတ္ ပိုနည္းတဲ့ ပမာဏက သင့္မိတ္ကပ္ေတြကို အလြယ္တကူ ဖ်က္ေပးနိုင္ပါတယ္။ အုန္းဆီဟာ မ်က္လံုးကိုထိခိုက္မႈလည္းမျဖစ္ေစတာေၾကာင့္ မ်က္လံုးေပၚျခယ္သထားတဲ့ မိတ္ကပ္ေတြကို စိတ္ခ်လက္ခ်ဖ်က္နိုင္မွာပါ။

ႏႈတ္ခမ္းလိမ္းေဆးအဆီ (lip balm)
ေျခာက္ေသြ႕ေနတဲ့ႏႈတ္ခမ္းသားေတြက တကယ္ကို သက္ေတာင့္သက္သာမရွိေစတာပါ။ အလွကုန္ေတြျဖစ္တဲ့ ႏႈတ္ခမ္းလိမ္းေဆး ေတြကလည္း ဓာတုပစၥည္းေတြသံုးျပီး လုပ္ထားတာျဖစ္တဲ့အတြက္ တကယ္တမ္း က်န္းမာေရးအတြက္ မေကာင္းလွပါဘူး။ သဘာ၀နည္းကေတာ့ ေသခ်ာေပါက္ပိုေကာင္းတာေပါ့။ အုန္းဆီကို သူ႕ရဲ႕ ကုစားေပးနိုင္တဲ့အစြမ္းေၾကာင့္ ႏႈတ္ခမ္းအဆီ အျဖစ္အသံုးျပဳနိုင္ပါတယ္။ ပိုျပီးလည္း စိတ္ခ်ရတာေပါ့။

အသားအရည္ထိန္းသိမ္းျခင္း
လိုခ်င္တဲ့ ရလဒ္ကိုရဖို႔ လိုးရွင္း ေတြနဲ႔ ခရင္မ္ေတြအျပင္ အျခားပစၥည္းေတြကိုလည္း သင့္အသားအေရေပၚတင္ေနရပါတယ္။ ဒါေပမယ့္ သူတို႔မွာလည္း ဓာတုပစၥည္းေတြပါ၀င္တာေၾကာင့္ အနည္းနဲ႔အမ်ားေတာ့ ေဘးထြက္ဆိုးက်ိဳးေတြရွိမွာပါ။ အုန္းဆီက ဒီျပႆနာကို အလြယ္တကူေျဖရွင္းေပးနုိင္ပါတယ္။ အုန္းဆီဟာ ေမာ္လီက်ဴ အေလးခ်ိန္ နည္းတာေၾကာင့္ အေရျပားက အလြယ္တကူစုပ္ယူနိုင္ျပီး အသားအေရကို ဆဲလ္ေတြထဲထိ ပိုမိုေကာင္းမြန္လာေစပါတယ္။ အုန္းဆီမွာပါ၀င္တဲ့ အက္ဆစ္ေတြဟာ ေရဓာတ္ေလ်ာ့ျခင္းနဲ႔ ေရာင္ရမ္းျခင္းကို ေလွ်ာ့ခ်ေပးနိုင္ပါတယ္။ မ်က္နွာသစ္ျခင္းမွစ လက္ေဆးသည္အထိ သို႔မဟုတ္ ေရခ်ိဳးသည္အထိ နွစ္သက္ရာနည္းအမ်ိဳးမ်ိဳး အသံုးျပဳနိုင္ပါတယ္။

ဆံပင္ထိန္းသိမ္းျခင္း

အုန္းဆီရဲ႕ လူသိမ်ားတဲ့အက်ိဳးကေတာ့ ေဗာက္ေတြေလ်ာ့နည္းေစျခင္းပါ။ အျခားေကာင္းက်ိဳးတစ္ခုက အုန္းဆီကို ေပ်ာ့ေဆးအျဖစ္အသံုးျပဳနိုင္ပါေသးတယ္။ ဒီလိုအသံုးျပဳျခင္းက ပ်က္စီးေနတဲ့ဆံပင္ေတြကို ျပန္ေကာင္းလာေစျပီး ေတာက္ပတဲ့ ဆံေကသာအျဖစ္ ျပန္ျပီးျမင္ရေအာင္လုပ္ေပးနုိင္ပါတယ္။

ႏွလံုးေရာဂါ
လူသိမ်ားတဲ့ ဒ႑ာရီတစ္ခုအရေတာ့ အုန္းဆီဟာ နွလံုးေရာဂါအတြက္မေကာင္းပါဘူးတဲ့။ လက္ေတြ႕မွာေတာ့ အုန္းဆီက နွလံုးေရာဂါအတြက္ေကာင္းပါတယ္။အုန္းဆီမွာ Lauric acid ၅၀ ရာခိုင္ႏႈန္း ပါ၀င္ျခင္းက ကိုလက္စထေရာပမာဏ ျမင့္ျခင္းနဲ႔ ေသြးတိုးျခင္းတို႔ကို ကာကြယ္ေပးနိုင္ျပီး နွလံုးအေျခအေနကို ပိုျပီးတိုးတက္လာေစပါတယ္။ ဒါက ေသြးလႊတ္ေၾကာေတြ ဒဏ္ရာရျခင္းကေနလည္း အနည္းငယ္ကာကြယ္ေပးနိုင္ပါေသးတယ္။
အေလးခ်ိန္ေလွ်ာ့ျခင္း
ျကားရတာေတာ့ တစ္မ်ိဳးၾကီးျဖစ္ေနမွာပါ။ ဒါေပမယ့္ အုန္းဆီမွာပါ၀င္တဲ့ အဆီအက္ဆစ္ က သင့္ကို၀ေစနုိင္တဲ့အဆီေတြကို တိုက္ဖ်က္ရာမွာ အသံုး၀င္ပါတယ္။ အုန္းဆီကို ေန႔စဥ္အသံုးျပဳသူေတြက ခံတြင္းပိုေကာင္းတာမို႔ အစာပိုျပီးေတာင့္တေနတာ၊အစားလြန္တာမိ်ဳးေတြ မခံစားရပါဘူး။ အုန္းဆီဟာ အစာေခ်ဖ်က္ျခင္းကို ပိုမိုလြယ္ကူေစျပီး ခႏၶာကိုယ္ရဲ႕ ဇီ၀ျဖစ္စဥ္ကို ပိုျပီးျမန္ဆန္ေစပါတယ္။

ခုခံအား
ပါ၀င္တဲ့အက္ဆစ္အမ်ိဳးအစားမ်ားျပားျခင္းနဲ႔ အျခားေသာအသံုး၀င္တဲ့ပစၥည္းေတြေၾကာင့္ အုန္းဆီကို ခုခံအားျမွင့္တင္ေပးတဲ့အရာအျဖစ္လည္း အသံုးျပဳလို႔ရနုိင္ပါတယ္။ ေရယုန္၊ တုပ္ေကြး ၊ cytomegalovirus နဲ႔ HIVလိုေရာဂါမ်ိဳးေတြကိုျဖစ္ေစနိုင္တဲ့ ေရာဂါပိုးေတြနဲ႔လည္း အုန္းဆီက ရင္ဆိုင္နိုင္ပါတယ္။

အစာေခ်ျခင္း
အစာအိမ္နဲ႔ အစာေခ်ဖ်က္ျခင္းဆိုင္ရာ ျပႆနာတြကို အုန္းဆီအသံုးျပဳျခင္းနဲ႔ ကာကြယ္နုိင္ပါတယ္။ ဒီလိုလုပ္ျခင္းက အစာေခ်စနစ္ကိုတိုးတက္ေစျပီး ၀မ္းဗိုက္ကို အမ်ိဳးမ်ိဳးေသာ အႏၱရာယ္ျဖစ္ေစနိုင္တဲ့ မႈိေတြ၊ ကပ္ပါးနဲ႔ ဘက္တီးရီးယားေတြရန္ကေန ကာကြယ္ေပးျပီး ဗီတာမင္ေတြ၊ သတၱဳဓာတ္ေတြနဲ႔ အာဟာရေတြကို စုပ္ယူေပးျခင္းကိုေတာ့ ျမွင့္တင္ေပးနိုင္ပါတယ္။

ပိုး၀င္ျခင္းနဲ႔ ကုသျခင္း
ဒဏ္ရာရေနတဲ့ေနရာမွာ အုန္းဆီကိုထည့္ေပးနိုင္ပါတယ္။ အုန္းဆီမွာ အံ့ၾသစရာေကာင္းတဲ့ ကုစားနိုင္စြမ္းေတြရွိပါတယ္။ အုန္းဆီဟာ ဘက္တီးရီးယားေတြ ဖုန္မႈန္႔ေတြနဲ႔ အျခား အႏၱရာယ္ရွိပစၥည္းေတြကို ခႏၶာကိုယ္ထဲမ၀င္ေအာင္ ထိန္းသိမ္းနိုင္ဖို႔အကာအရံတစ္ခုလုပ္လိုက္ပါတယ္။ သူက အသားအရည္ထိခိုက္သြားတာကို ျပန္လည္ကုသေပးတဲ့ လုပ္ငန္းစဥ္ကိုလည္း ပိုမိုျမန္ဆန္ေစပါေသးတယ္။

အိပ္ေဆး
အုန္းဆီနဲ႔နွိပ္ေပးျခင္းဟာ ေသာကေတြစိုးရိမ္ပူပန္မႈေတြကို ေလွ်ာ့ခ်ေပးနိုင္တာေၾကာင့္ သက္ေတာင့္သက္သာအနားယူနိုင္ျပီး ျငိမ္းခ်မ္းစြာအိပ္စက္နိုင္မွာပါ။

အထက္ေဖာ္ျပပါအခ်က္ေတြက လူေတြအသံုးမ်ားတဲ့နည္းလမ္းေတြပါ။ အုန္းဆီဟာလူသားေတြအတြက္ အံ့ၾသစရာေကာင္းတဲ့ သဘာ၀ရဲ႕လက္ေဆာင္ျဖစ္တာေၾကာင့္ သူ႕ကိုုသံုးလို႔ရတဲ့နည္းလမ္းေတြ အမ်ားၾကီးရွိေနပါေသးတယ္။ အုန္းဆီရဲ႕ အက်ိဳးသက္ေရာက္မႈဟာ ေကာင္းလြန္းတာေၾကာင့္ က်န္းမာေရးအတြက္ထုတ္တဲ့ပစၥည္းေတြမွာေတာင္ ထည့္သြင္းအသံုးျပဳေနၾကပါျပီ။ ဒီလိုဆန္းၾကယ္လွတဲ့အုန္းဆီဟာ သင့္အတြက္လည္း အသံုး၀င္နုိင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။

Credit : Hello Health Group

No comments:

Post a Comment

အောင်ပွဲနဲ့အတူတူ အိမ်ပြန်လှခဲ့ပြီ 👍👍👍👍👍👍👍👍👍👍👍 #Credit Nay Thway

အောင်ပွဲနဲ့အတူတူ အိမ်ပြန်လှခဲ့ပြီ 👍 👍 👍 👍 👍 👍 👍 👍 👍 👍 👍 # Credit  Nay Thway ဒီနေ့ အပြီးသတ်လျှောက်လဲချက်မှာတော့ မြန်မာဘက်က...