Tuesday, November 5, 2019

ယောကျာ်းတစ်ယောက်ကို အောင်မြင်အောင် ပံ့ပိုးပေးနိုင်တဲ့ မိန်းမ “၁၀” မျိုး

ယောကျာ်းတစ်ယောက်ကို အောင်မြင်အောင် ပံ့ပိုးပေးနိုင်တဲ့ မိန်းမ “၁၀” မျိုး
-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-

ယောကျာ်းတစ်ယောက် အလုပ်ကိုင် အောင်မြင်ဖို့ ဆိုတာ ငယ်ရွယ်စဉ်က သူတို့ရဲ့မိခင်၊ ဖခင်တွေက အဓိကပံ့ပိုးမှုတွေ ပေးခဲ့ရတာပါ။ ဒါပေမဲ့ အိမ်ထောင်ရက်သား ကျလာတဲ့အခါ ကိုယ့်ရဲ့ လက်တွဲဖေါ်ရဲ့ ပံ့ပိုးမှုဟာ ပိုပြီး အဓိကကျ သွားပါပြီ။ ပံ့ပိုးတယ်ဆိုတဲ့ အရာဟာ ငွေကြေး ပိုင်းရယ်မှာ မဟုတ်ပါဘူး ကျန်တဲ့ အချက်တွေနဲ့ အများကြီး ဆက်နွယ် နေပါသေးတယ်။

မိန်းမတစ်ယောက်ဟာ ယောကျာ်းတစ်ယောက်ကို အအောင်မြင်ဆုံးနေရာကို တွန်းပို့နိုင်သလို အနိမ့်ကျဆုံး ဖြစ်အောင်လည်း ဆွဲချတတ် ပါသေးတယ်။ ဒီတော့ မိန်းမတစ်ယောက်ရဲ့ နေရာက ဘယ်လောက်တောင် အဓိကကျတတ် သလဲဆိုတာနဲ့ ဘယ်လိုအချက်လေးတွေ ပိုင်ဆိုင် ထားရမလဲဆိုတာကို ကြည့်လိုက်ကြရအောင်။

၁။ သဘောထားကြီးပြီး လူအကဲခတ်တော်တဲ့မိန်းမ
******************************************
သူမဟာ အင်မတန်မှ ပါးနပ်တတ်ပြီး သင်ရဲ့မျက်တတောင်တခတ်တွင်းမှာ သင် ဘာဖြစ်နေလဲ ဆိုတာကို အကဲခတ်ခန့်မှန်း သိရှိနိုင်ပြီး သင်ပျော်နေချိန်မှာ သင်နဲ့ အတူ ပျော်ရွှင်မှုတွေကို အတူခံစားပေးတတ်ပါတယ်။
သင်မျက်မှောင်တစ်ချက်ကုတ်လိုက်လို့ ဘယ်လောက်ပဲ သင်ကပျော်ရွှင်ချင်ယောင် ဆောင်ပြဆောင်ပြ သင့်ရဲ့ ဒုက္ခတွေ အခက်ခဲတွေကို ဝေမျှပြီး ခံစားနားလည် ဖြေရှင်းပေးတတ်ပါတယ်။

၂။ ဂုဏ်သတင်းကျော်ဇော်မွှေးပျံ့တဲ့မိန်းမ
************************************
သူမဟာ ဘယ်လောက်ပဲ သင့်ထက် ပညာတွေတတ်နေပါစေ၊ ဘယ်လောက်ပဲ ရာထူးဂုဏ်ရှိန်တွေရှိနေပါစေ သင့်ကို သင့်ရဲ့ပတ်ဝန်းကျင်အသိုင်းဝိုင်းမှာ သင့်ကိုနေရာပေး လေးလေးစားစား ဆက်ဆံတတ်ပြီး သူမရဲ့ ဂုဏ်ရှိန်ဝါနဲ့ သင့်ကိုပါ လွှမ်းခြုံ တောက်ပစေပါတယ်။

၃။ သဘာအလှလေးနဲ့ အေးချမ်းတဲ့မိန်းမ
************************************
သူမရဲ့အလှဟာ ပန်းလေးတစ်ပွင့်လို မတောက်ပနေပေမဲ့ အေးချမ်းမှုရှိပါတယ်။ သင်ကြည့်လိုက်တိုင်း သူမဟာ အေးချမ်းတဲ့ အသွင်အတိုင်း အပြုမှုတွေပါ အေးချမ်း ညင်သာ နေပါလိမ်မယ်။ သင့်ရဲ့လုပ်ငန်းခွင်ထဲမှာ သင့်တွက် အထောက်အပံ့ မပေးနိုင်ပေမဲ့ တခြားမိန်းမတွေလို ပူလောင် ငြူစူမှု အလျဉ်းမရှိပဲ သင့်ကို အေးချမ်းမှုတွေနဲ့ သာယာစေနိုင်ပါတယ်။

၄။ ဦးနှောက်ပြေးတဲ့မိန်းမ
**********************
သူမဟာ အင်မတန်မှ ထိုးထွင်းဉာဏ်ရှိပြီး သင်အခက်ခဲလေးတစ်ခု ကြုံလာပြီဆိုတာနဲ့ ပြေလည်မဲ့ဖြေရှင်းနည်းကို တစ်ထိုင်တည်း ထုတ်ပေးနိုင်တဲ့သူမျိုးပါ။ စီးပွားရေး လုပ်တဲ့အခါမှာလည်း သင့်ကိုနောက်ကွယ်ကနေ အကောင်းဆုံး အကြံတွေနဲ့ ရှေ့ဆက်လို့ရအောင် ပို့ဆောင်ပေးတဲ့ သူမျိူးပါ။

၅။ ပေါ့ပေ့ါပါးပါးနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိတဲ့မိန်းမ
******************************
ဒီလိုမိန်းမတွေဟာ သင်ဘာပဲလုပ်လုပ် အမြဲတစေ ယုံကြည်ချက်အပြည့်နဲ့ အားပေးတတ်ပါတယ်။ သင်အောင်မြင်သွားခဲ့ရင်လည်း သူ့ကြောင့်ပါလို့ မဏ္ဍပ်တိုင်တပ်ပြမှာမဟုတ်သလို ၊ ရှုံးနိမ့်ခဲ့ရင်လည်း ငြူစူပြောဆိုနေမှာ မဟုတ်ပါဘူး။ အရမ်း စိတ်ညစ်နေတဲ့ အချိန်မှာ သင့်ကို နွေးထွေးစွာ အားပေးပါလိမ့်မယ်။ သူ့ရဲ့ သင့်ပေါ် ယုံကြည်ချက်တွေနဲ့ ပြတ်သားမှုတွေကြောင့် သင်ဟာ လဲရာမှ ချက်ချင်းတောင် ပြန်ထထိုင်နိုင်လောက်အောင် သူမ စွမ်းဆောင်နိုင်ပါလိမ့်မယ်။

၆။ ကိုယ့်ကိုယ်ကို ချစ်မြတ်နိုးတဲ့မိန်းမ
*********************************
သူမဟာအင်မတန်မှမိမိကိုယ်ကိုအမြဲလိုလိုအပြင်ဆင်ပိုင်းမှာရောဂုဏ်သိက္ခာပိုင်းတွေမှာပါ ခြခယ်သပြင်ဆင်နေလေ့ရှိပါတယ်။ သူမဟာ ဘယ်တော့မဆို သူကြောင့်သင်နံမည်ပျက်စေမှာ မဟုတ်သလို အသိုင်းဝိုင်းရှေ့ ထွက်တဲ့ အခါမှာလည်း သူ့ကြောင့်သင်ဟာ အလိုလို နေရင်းနဲ့ ဂုဏ်ရှိစေနိုင်မဲ့ မိန်းမမျိုးပါ။ ဘယ်တော့မှ သူ့အလှကြောင့် သင့်ရဲ့ပူပန်မှုတွေကို အနေထိုင်တွေနဲ့ ဖြောက်ဖျတ်ပစ်တတ်ပါတယ်။

၇။ တာဝန်ယူတတ်တဲ့မိန်းမ
************************
သူမဟာ သင့်ရဲ့ဝင်ငွေထွက်ငွေနဲ့ ကိုက်ညီအောင် သုံးစွဲစီစစ်သလို ၊ စုသင့်တာစု သုံးသင့်တာသုံးပြီး သင့်ကိုဘယ်တော့မှ စားဝတ်နေရေးတွက် ပူပန်စေမှာ မဟုတ်ပါဘူး ။ သူမဟာ အလုပ်လုပ်တဲ့နေရာမှာ အင်မတန်မှ တိကျပြီး တာဝန်ယူစိတ်အပြည့်လည်း ရှိတတ်ပါတယ်။

၈။ စကားပြောဆို ကျွမ်းကျင်တဲ့မိန်းမ
*********************************
သူမဟာ စကားပြောခြင်း အတတ်ပညာကို တစ်ဖတ်ကမ်းခပ် ကျွမ်းကျင်တတ်ပြီး အပေါင်းသင့်ဆံ့တဲ့သူဖြစ်ပါလိမ့်မယ်။ သူမနဲ့စကားပြောလိုက်တိုင်း လူတိုင်း စိတ်ချမ်းသာရပြီး ဘယ်လိုလူကို ဘယ်လို အခြေနေမျိုးမှာ ဘာပြောရမလဲဆိုတာနဲ့ သူမဟာ လူတွေကို ကောင်းကောင်း စွဲဆောင်နိုင်ပါတယ်။ သူမကြောင့်ပဲ သင်ဟာ ဒိထက်ကျယ်ပြန့်တဲ့ အသိုင်းဝိုင်းတစ်ခုကို သိကျွမ်းခွင့် ရနိုင်တာမျိုးလည်း ဖြစ်တတ်ပါတယ်။

၉။ ဆုံးဖြတ်ချက် ပြတ်သားတဲ့မိန်းမ
********************************
သူမဟာ စဉ်းစားဆုံးဖြတ်တဲ့နေရာမှာ အင်မတန်မှ ပညာသားပါပြီး အရာရာ စိတ်ချရပါတယ်။ ဘယ်တော့မှ သေးသေးမွှားမွှားကိစ္စတွေနဲ့ အတော်တန်ကြီးတဲ့ ကိစ္စတွေကို သင့်ဆီ မရောက်စေပဲ ဖြေရှင်းတတ်ပါတယ်။ သင့်ရဲ့အလုပ်ကိုင်တွေကို ဘယ်တော့မှ မထိခိုက်စေပဲ အိမ်မှုကိစ္စတွေပါ သူတစ်ယောက်တည်း ဖြစ်အောင် စီမံတတ်ပြီး သင့်ကို အလုပ်လုပ်တဲ့နေရာမှာ စိတ် အပြည့်အ၀ ရအောင် လွှတ်ထားပေးတတ်ပါတယ်။

၁၀။ ခေတ်အမြင်ရှိတဲ့မိန်းမ
************************
သူမဟာ အင်မတန်မှ ခေတ်နဲ့ လိုက်လျောညီစွာ နေထိုင်တတ်ပြီး အနေထိုင် တည်ငြိမ် တတ်ပါတယ်။ အများသူငှာနဲ့ သဟဇာတ ရှိပြီးသင်ရဲ့လုပ်ဖေါ်ကိုင်ဖက်တွေနဲကလည်း ကျေလည်စွာဆက်ဆံတတ်ပါတယ်။ သင်မိတ်ဆက်ပေးလာသမျှ လုပ်ဖေါ်ကိုင်ဖက် မိန်းကလေးတွေကိုလည်း ဘယ်တော့မှ သံသယမျက်လုံးနဲ့ မကြည့်ပဲ သူငယ်ချင်း ဖြစ်အောင် ဆွဲဆောင် သိမ်းသွင်းတတ် ပါသေးတယ်။

Credit.........Oringinal Writer

ေယာက်ာ္းတစ္ေယာက္ကို ေအာင္ျမင္ေအာင္ ပံ့ပိုးေပးႏုိင္တဲ့ မိန္းမ “၁၀” မ်ိဳး
-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-:-

ေယာက်ာ္းတစ္ေယာက္ အလုပ္ကိုင္ ေအာင္ျမင္ဖုိ႕ ဆိုတာ ငယ္ရြယ္စဥ္က သူတို႕ရဲ႕မိခင္၊ ဖခင္ေတြက အဓိကပံ႕ပိုးမႈေတြ ေပးခဲ့ရတာပါ။ ဒါေပမဲ့ အိမ္ေထာင္ရက္သား က်လာတဲ့အခါ ကိုယ့္ရဲ႕ လက္တြဲေဖၚရဲ႕ ပံ႕ပိုးမႈဟာ ပိုျပီး အဓိကက် သြားပါျပီ။ ပံ႕ပိုးတယ္ဆိုတဲ့ အရာဟာ ေငြေၾကး ပိုင္းရယ္မွာ မဟုတ္ပါဘူး က်န္တဲ့ အခ်က္ေတြနဲ႕ အမ်ားၾကီး ဆက္ႏြယ္ ေနပါေသးတယ္။

မိန္းမတစ္ေယာက္ဟာ ေယာက်ာ္းတစ္ေယာက္ကို အေအာင္ျမင္ဆံုးေနရာကို တြန္းပို႕ႏုိင္သလုိ အနိမ့္က်ဆံုး ျဖစ္ေအာင္လည္း ဆြဲခ်တတ္ ပါေသးတယ္။ ဒီေတာ့ မိန္းမတစ္ေယာက္ရဲ႕ ေနရာက ဘယ္ေလာက္ေတာင္ အဓိကက်တတ္ သလဲဆိုတာနဲ႕ ဘယ္လိုအခ်က္ေလးေတြ ပိုင္ဆုိင္ ထားရမလဲဆိုတာကို ၾကည့္လုိက္ၾကရေအာင္။

၁။ သေဘာထားၾကီးျပီး လူအကဲခတ္ေတာ္တဲ့မိန္းမ
******************************************
သူမဟာ အင္မတန္မွ ပါးနပ္တတ္ျပီး သင္ရဲ႕မ်က္တေတာင္တခတ္တြင္းမွာ သင္ ဘာျဖစ္ေနလဲ ဆိုတာကို အကဲခတ္ခန္႕မွန္း သိရွိႏိုင္ျပီး သင္ေပ်ာ္ေနခ်ိန္မွာ သင္နဲ႕ အတူ ေပ်ာ္ရႊင္မႈေတြကို အတူခံစားေပးတတ္ပါတယ္။
သင္မ်က္ေမွာင္တစ္ခ်က္ကုတ္လုိက္လုိ႕ ဘယ္ေလာက္ပဲ သင္ကေပ်ာ္ရႊင္ခ်င္ေယာင္ ေဆာင္ျပေဆာင္ျပ သင့္ရဲ႕ ဒုကၡေတြ အခက္ခဲေတြကို ေ၀မွ်ျပီး ခံစားနားလည္ ေျဖရွင္းေပးတတ္ပါတယ္။

၂။ ဂုဏ္သတင္းေက်ာ္ေဇာ္ေမႊးပ်ံ႕တဲ့မိန္းမ
************************************
သူမဟာ ဘယ္ေလာက္ပဲ သင့္ထက္ ပညာေတြတတ္ေနပါေစ၊ ဘယ္ေလာက္ပဲ ရာထူးဂုဏ္ရွိန္ေတြရွိေနပါေစ သင့္ကို သင့္ရဲ႕ပတ္၀န္းက်င္အသိုင္း၀ိုင္းမွာ သင့္ကိုေနရာေပး ေလးေလးစားစား ဆက္ဆံတတ္ျပီး သူမရဲ႕ ဂုဏ္ရွိန္၀ါနဲ႕ သင့္ကိုပါ လႊမ္းျခံဳ ေတာက္ပေစပါတယ္။

၃။ သဘာအလွေလးနဲ႕ ေအးခ်မ္းတဲ့မိန္းမ
************************************
သူမရဲ႕အလွဟာ ပန္းေလးတစ္ပြင့္လုိ မေတာက္ပေနေပမဲ့ ေအးခ်မ္းမႈရွိပါတယ္။ သင္ၾကည့္လုိက္တုိင္း သူမဟာ ေအးခ်မ္းတဲ့ အသြင္အတုိင္း အျပဳမႈေတြပါ ေအးခ်မ္း ညင္သာ ေနပါလိမ္မယ္။ သင့္ရဲ႕လုပ္ငန္းခြင္ထဲမွာ သင့္တြက္ အေထာက္အပံ့ မေပးႏုိင္ေပမဲ့ တျခားမိန္းမေတြလို ပူေလာင္ ျငဴစူမႈ အလ်ဥ္းမရွိပဲ သင့္ကို ေအးခ်မ္းမႈေတြနဲ႕ သာယာေစႏုိင္ပါတယ္။

၄။ ဦးေႏွာက္ေျပးတဲ့မိန္းမ
**********************
သူမဟာ အင္မတန္မွ ထိုးထြင္းဥာဏ္ရွိျပီး သင္အခက္ခဲေလးတစ္ခု ၾကံဳလာျပီဆိုတာနဲ႕ ေျပလည္မဲ့ေျဖရွင္းနည္းကို တစ္ထုိင္တည္း ထုတ္ေပးႏိုင္တဲ့သူမ်ိဳးပါ။ စီးပြားေရး လုပ္တဲ့အခါမွာလည္း သင့္ကိုေနာက္ကြယ္ကေန အေကာင္းဆံုး အၾကံေတြနဲ႕ ေရွ႕ဆက္လုိ႕ရေအာင္ ပို႕ေဆာင္ေပးတဲ့ သူမ်ိဴးပါ။

၅။ ေပါ့ေပ့ါပါးပါးနဲ႕ ကိုယ့္ကိုယ္ကို ယံုၾကည္မႈအျပည့္ရွိတဲ့မိန္းမ
******************************
ဒီလိုမိန္းမေတြဟာ သင္ဘာပဲလုပ္လုပ္ အျမဲတေစ ယံုၾကည္ခ်က္အျပည့္နဲ႕ အားေပးတတ္ပါတယ္။ သင္ေအာင္ျမင္သြားခဲ့ရင္လည္း သူ႕ေၾကာင့္ပါလုိ႕ မ႑ပ္တုိင္တပ္ျပမွာမဟုတ္သလို ၊ ရံႈးနိမ့္ခဲ့ရင္လည္း ျငဴစူေျပာဆိုေနမွာ မဟုတ္ပါဘူး။ အရမ္း စိတ္ညစ္ေနတဲ့ အခ်ိန္မွာ သင့္ကို ေႏြးေထြးစြာ အားေပးပါလိမ့္မယ္။ သူ႕ရဲ႕ သင့္ေပၚ ယံုၾကည္ခ်က္ေတြနဲ႕ ျပတ္သားမႈေတြေၾကာင့္ သင္ဟာ လဲရာမွ ခ်က္ခ်င္းေတာင္ ျပန္ထထိုင္ႏုိင္ေလာက္ေအာင္ သူမ စြမ္းေဆာင္ႏုိင္ပါလိမ့္မယ္။

၆။ ကိုယ့္ကိုယ္ကို ခ်စ္ျမတ္ႏုိးတဲ့မိန္းမ
*********************************
သူမဟာအင္မတန္မွမိမိကုိယ္ကိုအျမဲလုိလုိအျပင္ဆင္ပိုင္းမွာေရာဂုဏ္သိကၡာပိုင္းေတြမွာပါ ျခခယ္သျပင္ဆင္ေနေလ့ရွိပါတယ္။ သူမဟာ ဘယ္ေတာ့မဆို သူေၾကာင့္သင္နံမည္ပ်က္ေစမွာ မဟုတ္သလို အသိုင္း၀ိုင္းေရွ႕ ထြက္တဲ့ အခါမွာလည္း သူ႕ေၾကာင့္သင္ဟာ အလိုလို ေနရင္းနဲ႕ ဂုဏ္ရွိေစႏုိင္မဲ့ မိန္းမမ်ိဳးပါ။ ဘယ္ေတာ့မွ သူ႕အလွေၾကာင့္ သင့္ရဲ႕ပူပန္မႈေတြကို အေနထုိင္ေတြနဲ႕ ေျဖာက္ဖ်တ္ပစ္တတ္ပါတယ္။

၇။ တာ၀န္ယူတတ္တဲ့မိန္းမ
************************
သူမဟာ သင့္ရဲ႕၀င္ေငြထြက္ေငြနဲ႕ ကိုက္ညီေအာင္ သံုးစြဲစီစစ္သလို ၊ စုသင့္တာစု သံုးသင့္တာသံုးျပီး သင့္ကိုဘယ္ေတာ့မွ စား၀တ္ေနေရးတြက္ ပူပန္ေစမွာ မဟုတ္ပါဘူး ။ သူမဟာ အလုပ္လုပ္တဲ့ေနရာမွာ အင္မတန္မွ တိက်ျပီး တာ၀န္ယူစိတ္အျပည့္လည္း ရွိတတ္ပါတယ္။

၈။ စကားေျပာဆို ကြ်မ္းက်င္တဲ့မိန္းမ
*********************************
သူမဟာ စကားေျပာျခင္း အတတ္ပညာကို တစ္ဖတ္ကမ္းခပ္ ကြ်မ္းက်င္တတ္ျပီး အေပါင္းသင့္ဆံ႕တဲ့သူျဖစ္ပါလိမ့္မယ္။ သူမနဲ႕စကားေျပာလုိက္တုိင္း လူတုိင္း စိတ္ခ်မ္းသာရျပီး ဘယ္လုိလူကို ဘယ္လို အေျခေနမ်ိဳးမွာ ဘာေျပာရမလဲဆိုတာနဲ႕ သူမဟာ လူေတြကို ေကာင္းေကာင္း စြဲေဆာင္ႏုိင္ပါတယ္။ သူမေၾကာင့္ပဲ သင္ဟာ ဒိထက္က်ယ္ျပန္႕တဲ့ အသိုင္း၀ိုင္းတစ္ခုကို သိကြ်မ္းခြင့္ ရႏုိင္တာမ်ိဳးလည္း ျဖစ္တတ္ပါတယ္။

၉။ ဆံုးျဖတ္ခ်က္ ျပတ္သားတဲ့မိန္းမ
********************************
သူမဟာ စဥ္းစားဆံုးျဖတ္တဲ့ေနရာမွာ အင္မတန္မွ ပညာသားပါျပီး အရာရာ စိတ္ခ်ရပါတယ္။ ဘယ္ေတာ့မွ ေသးေသးမႊားမႊားကိစၥေတြနဲ႕ အေတာ္တန္ၾကီးတဲ့ ကိစၥေတြကို သင့္ဆီ မေရာက္ေစပဲ ေျဖရွင္းတတ္ပါတယ္။ သင့္ရဲ႕အလုပ္ကိုင္ေတြကို ဘယ္ေတာ့မွ မထိခိုက္ေစပဲ အိမ္မႈကိစၥေတြပါ သူတစ္ေယာက္တည္း ျဖစ္ေအာင္ စီမံတတ္ျပီး သင့္ကို အလုပ္လုပ္တဲ့ေနရာမွာ စိတ္ အျပည့္အ၀ ရေအာင္ လႊတ္ထားေပးတတ္ပါတယ္။

၁၀။ ေခတ္အျမင္ရွိတဲ့မိန္းမ
************************
သူမဟာ အင္မတန္မွ ေခတ္နဲ႕ လိုက္ေလ်ာညီစြာ ေနထုိင္တတ္ျပီး အေနထိုင္ တည္ျငိမ္ တတ္ပါတယ္။ အမ်ားသူငွာနဲ႕ သဟဇာတ ရွိျပီးသင္ရဲ႕လုပ္ေဖၚကိုင္ဖက္ေတြနဲကလည္း ေက်လည္စြာဆက္ဆံတတ္ပါတယ္။ သင္မိတ္ဆက္ေပးလာသမွ် လုပ္ေဖၚကိုင္ဖက္ မိန္းကေလးေတြကိုလည္း ဘယ္ေတာ့မွ သံသယမ်က္လံုးနဲ႕ မၾကည့္ပဲ သူငယ္ခ်င္း ျဖစ္ေအာင္ ဆြဲေဆာင္ သိမ္းသြင္းတတ္ ပါေသးတယ္။

Credit.........Oringinal Writer


No comments:

Post a Comment

အောင်ပွဲနဲ့အတူတူ အိမ်ပြန်လှခဲ့ပြီ 👍👍👍👍👍👍👍👍👍👍👍 #Credit Nay Thway

အောင်ပွဲနဲ့အတူတူ အိမ်ပြန်လှခဲ့ပြီ 👍 👍 👍 👍 👍 👍 👍 👍 👍 👍 👍 # Credit  Nay Thway ဒီနေ့ အပြီးသတ်လျှောက်လဲချက်မှာတော့ မြန်မာဘက်က...