Tuesday, November 5, 2019
တကယ်လို့ သင့်အမေ ယောက်ကျား,အရွေးမှားခဲ့ရင် - သင့်ရဲ့ငယ်ဘဝက နာကျည်းမှုတွေနဲ့ စတင်ရလိမ့်မယ်၊
တကယ်လို့ သင်ယောက်ကျား,အရွေးမှားခဲ့ရင် - သင့်ရဲ့ အလယ်ဘဝက နာကျင်မှုတွေနဲ့ ပြည့်နှက်နေလိမ့်မယ်၊
တကယ်လို့ သင့်သမီး ,ယောက်ကျားအရွေးမှားခဲ့ရင်တော့ - သင့်ကျန်ရှိတဲ့ နေဝင်မီးငြိမ်းဘဝမှာ အထီးကျန်မှုတွေနဲ့ အဆုံးသတ်ရလိမ့်မယ်၊
တကယ်လို့ သင့်အဖွားယောက်ကျား,အရွေးမှားခဲ့ရင်တော့ - သင်တို့ ဆွေမျိုးသုံးဆက်စလုံးက ပိုင်ဆိုင်သင့်တာတွေ မပိုင်ဆိုင်ရဘဲ လက်လွတ်ဆုံးရှုံးရလိမ့်မယ်။
" Microsoft ကိုတည်ထောင်တာ အရေးကြီးလား၊ ပရဟိတလုပ်တာ အရေးကြီးလား" လို့ .. Bill Gate ကို အင်တာဗျူးတစ်ခုမှာ မေးထားတာတွေ့တယ်၊
Bill gate ကပြန်ဖြေတယ်၊
" ဘာမှအရေးမကြီးဘူး၊ ကိုယ်နဲ့ တပ်အပ်တဲ့ အိမ်ထောင်ဖက်တစ်ခုရဖို့ပဲ အရေးကြီးတယ် " တဲ့။
စီးပွားရေးသမား Warren Buffett ကလည်းပြောတယ်၊
" စီးပွားရေးလုပ်ဖို့ ဘာအရင်းအနှီးမှ မလိုဘူး၊ ထက်မြက်ပြီး သစ္စာရှိတဲ့ ယောက်ကျားတစ်ယောက်ပဲလိုတယ် " တဲ့။
တကယ်တော့ ယောက်ကျား ရွေးတာ လူတစ်ယောက်ကို ရွေးတာ မဟုတ်ဘူး၊ တစ်ဘဝလုံးရဲ့ နေထိုင်မှုကို ရွေးခြယ်တာ၊
ယောက်ကျား တစ်ယောက်ဟာ " ရှေ့မျိုးဆက် ရဲ့ ချမ်းသာမှု" ၊ "အခုမျိုးဆက်ရဲ့ ပျော်ရွှင်မှု" ၊ "နောက်မျိုးဆက်ရဲ့ အနာဂတ်"ကို ကိုယ်စားပြုတာ..
ယောက်ကျား ကောင်းတစ်ယောက်ကို အရွေးခြယ်နိုင်ခဲ့တဲ့ မိန်းကလေးလေးမှာ ဆွေစဉ်မျိုးဆက် ၃ဆက်စလုံး ချမ်းသာရတယ်၊
ရွေးခြယ်လိုက်တဲ့ ယောက်ကျား ရဲ့ နောက်ဆက်တွဲ ဆိုးခြင်း၊ ကောင်းခြင်းက အဲဒီရွေးခြယ်လိုက်တဲ့ မိန်းကလေးနဲ့လည်း အများကြီးသက်ဆိုင်တယ်၊
ပညာရှိ မိန်းမကပဲ ကိုယ့်ယောက်ကျားကိုဘယ်လိုကိုင်တွယ်ရမလဲဆိုတာ နားလည်တယ်၊
ပညာရှိ ယောက်ကျား ကပဲ အိမ်ထောင်တစ်ခုကို ဘယ်လိုကိုင်တွယ်ရမလဲ နားလည်တယ်၊
အိမ်ထောင်ဦးစီးကပဲ တစ်အိမ်သားလုံးရဲ့ နေထိုင်မှုပုံစံကို မြှင့်တင်သွားနိုင်တာ၊
ယောက်ကျား တစ်ယောက်ရဲ့ စရိုက်က အသိပညာကိုစုဆောင်းရင်း တည့်မတ်လာတာ..
ယောက်ကျား တစ်ယောက်ရဲ့ ဝိညဉ်က ဂီတတေးသွားကို ခံစားရင်း ဖြစ်ပေါ်လာတာ...
ယောက်ကျား တစ်ယောက်ရဲ့ သစ္စာက ကိုယ့်ကိုယ်ကို တန်ဖိုးထားရင်းပို ဂုဏ်တတ်စေတာ......
မိန်းကလေးအယောက်တိုင်းဟာ မိမိကိုယ်ကိုထိန်းသိမ်းပြုပြင်ပြီး ရင့်ကျက်လာသင့်တယ်.. ဘာဖြစ်လို့လဲဆိုတော့ -
သင်က သင့်ယောက်ျားရဲ့ အမြင့်ဆုံးအမှတ်နဲ့ သင့်ခလေးရဲ့ အစဦးအမှတ်ကို ဆုံးဖြတ်နိုင်စွမ်းရှိလို့...
အဲဒီလို ပုခက်လွှဲတဲ့လက်က ကမ္ဘာကို ကိုင်လှုပ်နိုင်မယ့် မိန်းမသားတွေအတွက် ဖြစ်သလို အိမ်ထောင်ဦးစီးကောင်းတွေ များစွာ ရှိမှလည်း ဒီကမ္ဘာ တိုးတတ်ဖွံဖြိုးလာနိုင်မှာ အသေအချာပါပဲ 😊😊😊
Credit:
Bill gate ကပြန်ဖြေတယ်၊
Credit:
No comments:
Post a Comment
အောင်ပွဲနဲ့အတူတူ အိမ်ပြန်လှခဲ့ပြီ 👍👍👍👍👍👍👍👍👍👍👍 #Credit Nay Thway
အောင်ပွဲနဲ့အတူတူ အိမ်ပြန်လှခဲ့ပြီ 👍 👍 👍 👍 👍 👍 👍 👍 👍 👍 👍 # Credit  Nay Thway ဒီနေ့ အပြီးသတ်လျှောက်လဲချက်မှာတော့ မြန်မာဘက်က...