အောင်ပွဲနဲ့အတူတူ အိမ်ပြန်လှခဲ့ပြီ
👍👍👍👍👍👍👍👍👍👍👍
👍👍👍👍👍👍👍👍👍👍👍
#Credit Nay Thway
ဒီနေ့ အပြီးသတ်လျှောက်လဲချက်မှာတော့ မြန်မာဘက်က ပထမဆုံးချေပတာကတော့ OIC အထောက်အပံ့နဲ့ လာလို့ ဂမ်ဘီယာအနေနဲ့ တရားစွဲခွင့်မရှိဘူး။ နောက်ပီး သူဟာ တိုက်ရိုက်ထိခိုက်ခံစားရတဲ့နိုင်ငံလဲ မဟုတ်လို့ တရားစွဲပိုင်ခွင့်ကို မရှိဘူးလို့ အတိအလင်းပြောတာပါ။ Article 8 နဲ့ 9 ကိုပဲ အဓိက ရှင်းသွားပါတယ်။
ပါမောက္ခရှဘတ်ကတော့ အဓိကဖြေရှင်းသူပါ။ ဂမ်ဘီယာရှေ့နေတွေရဲ့ အချက် ၆ ချက်ကို ရှင်းသွားတယ်။ နိုင်ငံသားမပေးတာကို Genocide လို့ ဘယ်လိုမှ ပြောမရတဲ့အကြောင်း၊ ကာချုပ် FB က ပို့စ်ဟာ အစိုးရတဖွဲ့လုံးကို ကိုယ်စားမပြုကြောင်း၊ ဂမ်ဘီယာက ထောက်ပြတဲ့ လူသတ်ကျင်းကြီးတွေဟာ AP သတင်းဌာနက တင်ပြထားတာကို ယူထားတာဖြစ်ပီး AP ရဲ့ နောက်ဆုံးထုတ်ပြန်ချက်မှာ အဲကျင်းတွေဟာ ဘယ်နေရာမှာရှိတယ်။ ဘယ်နှယောက်ကို မြုပ်ထားတယ်ဆိုတာ မပါဘူးတဲ့။ သူ့ဘာသာ သူတောင် မသေချာတဲ့ သတင်းကို လာပီး တင်ပြနေတယ်လို့ ဆိုတယ်။ ဒါ့အပြင် မနက်က သူပြောထားတဲ့အင်တာဗျူးဟာ ၂၀၁၂ ၁၃ က ဖြစ်ပီး အဲတုန်းကလဲ ဒါဟာ Genocide ပါလို့ မပြောခဲ့ဘူးလို့ ဆိုတယ်။ နောက်တခုက အင်းဒင်ကိစ္စက ပုံတွေကို ဘာလို့လာပြလဲ မသိဘူး။ အဲဖြစ်စဉ်အတွက် သက်ဆိုင်သူတွေကို အရေးယူပီးပီ။ အပြည်ပြည်ဆိုင်ရာ Genocide convention အရလဲ ဖြစ်စဉ်ဖြစ်ပွားတဲ့ ဒေသရဲ့ အာဏာပိုင် အချုပ်အခြာပိုင်တဲ့သူကပဲ အမှုကို စီရင်ရမယ်လို့ ပြောတယ်။ အတော်လေးကို ဖြေရှင်းသွားတာပါ။ FFM ရဲ့ အစီရင်ခံစာ စာမျက်နှာ ၂၀၀ ကျော်ကို သူ နေ့ချင်းဖတ်ခဲ့တယ်လို့ သိရတယ်။ တကယ့် ပညာရှင်တွေပါပဲ။
အမေစုက တည်ဆောက်နေတဲ့ လူ့အဖွဲ့အစည်းတွေအကြား အဆင်ပြေမှုကို ပြောတယ်။ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ဖို့ သတိနဲ့ အမြင်ကျယ်စွာဆုံးဖြတ်ကြဖို့နဲ့ ဂမ်ဘီယာက တရားစွဲတာကို ပလပ်ပေးဖို့ တောင်းဆိုသွားတယ်။ တရားသူကြီးတွေကတော့ လိုအပ်တဲ့အချက်အလက်တွေရှိရင် ထပ်တောင်းမယ်။ အသင့်လုပ်ထားဖို့ပြောပီး ရပ်နားလိုက်တယ်။ အမိန့်နဲ့ပတ်သတ်လို့ နေ့ရက်အတိအကျ ပြောမသွားဘူး။ အမိန့်ချရင် ချမှတ်တဲ့အမိန့်အတိုင်း ဆောင်ရွက်ပီး ၄ လ ကြာရင် ICJ ကို Report ပြန်တင်ရပါတယ်။ မြန်မာဘက်ကလဲ လုပ်ဆောင်ပေးရမှာတွေကို လုပ်ထားဖို့လိုပါတယ်။ အဲလို မလုပ်ဆောင်ဘူးဆိုရင် ဘာမှတော့မဖြစ်ပါဘူး။ ICJ က လုံခြုံရေးကောင်စီကို တင်ပြမှာဖြစ်ပီး အဲဒီကျရင် တရုတ်နဲ့ ရုရှားက ဗီတိုနဲ့ ကယ်တင်ပါလိမ့်မယ်။
ဘာဖြစ်ဖြစ် အမေစုကတော့ တာ၀န်ကျေခဲ့ပါပီ။ တဖက်ကပြောသလို သွားမဖြေရှင်းရင် ဂမ်ဘီယာပြောတာပဲ တဖက်သတ်နားထောင်ပီး တဖက်သတ် အမိန့်ချမှာပါ။ မြန်မာပြည်က FFM ကို ၀င်ခွင့်မပြုခဲ့လို့ ကမ္ဘာ့မီဒီယာတွေမှာလဲ တဖက်သတ်အမြင်တွေနဲ့ပဲ ရေးသားနေကြတာကို တွေ့ရမှာပါ။ အခုတော့ မြန်မာဘက်က ကမ္ဘာ့အလည်မှာ ပထမဆုံးပြန်လည်ရှင်းပြနိုင်ခဲ့တဲ့အနေအထားပါ။ တချို့ရဲ့ အတွေးတွေကို ပြောင်းပစ်နိုင်ပါလိမ့်မယ်။ မနက်ဖြန် ဒတ်ခ်ျပါလီမန်မှာ မိန့်ခွန်းပြောရမှာကတော့ အမေစုဟာ အနောက်တိုင်းမှာ လွှမ်းမိုးမှုရှိနေဆဲဆိုတာကို ပြပါတယ်။ ဒီလိုအခွင့်အရေးမျိုး ဂမ်ဘီယာက မရနိုင်ပါဘူး။ အဲဒါပီးတဲ့နောက်တော့ အလားအလာတချို့ကောင်းလာရင်တောင် အမြတ်တွေပဲဖြစ်လို့ မြန်မာဘက်က အရှုံးမရှိခဲ့တဲ့ပွဲပါပဲ။ နောက်ထပ်ရတဲ့သင်ခန်းစာကတော့ ၂ ယောက် ၃ဖွဲ့ကွဲပီး အချင်းချင်းမစည်းလုံးသရွေ့ မချမ်းသာသရွေ့ မတိုးတက်သရွေ့ အခုလိုပဲ ခံစားနေရဦးမယ်ဆိုတာပါပဲ။ စီးပွားရေးနဲ့ စစ်ရေးအင်အားတောင့်ရင်တော့ ဘယ်နိုင်ငံကမှ လာပီးတရားစွဲမှာ မဟုတ်ပါဘူး။ စည်းလုံးကြဖို့ အချိန်တန်နေပါပီ။
အကောင်းဆံုံး လုပ်နိုင်ခဲ့ပါတယ်။ ဒီထက်ပိုကောင်းအောင် ဒီနိုင်ငံမှာ ဘယ်သူမှ လုပ်နိုင်မှာ မဟုတ်ပါဘူး။ အမေစုက ဒီနေ့မှာ မေတ္တာရပ်ခံချက်ကိုပဲ ပြောသွားခဲ့ပါတယ်။ အမိန့်ကတော့ ၂၀၂၀ ဇန်နဝါရီမှာ ချမှတ်ဖွယ်ရှိပါတယ်။ သဘက်ခါမှာ နိုင်ငံအတွက် အရွယ်နှင့်မမျှ အစွမ်းကုန် အကောင်းဆုံး ကြိုးစားအားထုတ်ခဲ့တဲ့ အမေစုကို နေပြည်တော် ဧလာလေဆိပ်မှာ တခဲနက် ကြိုဆိုကြပါစို့။🙏🙏🙏🙏🙏🙏🙏🙏
အောင်ပွဲနဲ့အတူ ပြန်နိုင်ခဲ့ပါပီ။
No comments:
Post a Comment