မိစ္ဆာဓမ္မ = လိင်တူချင်းတပ်မက်မှု
ခုတလော လိုင်းပေါ်မှာ ဒီကိစ္စနဲ့ပက်သက်ပြီး နာမည်ကြီး လူပြောများလာတာကြောင့် ၊ လာပြီးတော့လည်း မေးကြတာကြောင့် ဘာသာရေးရှုထောင့်ကနေပြီး နည်းနည်းလောက်တော့ ရေးဦးမယ်စိတ်ကူးပြီး ရေးလိုက်ပါတယ် ။
မိစ္ဆာဓမ္မ - မှားယွင်းဖောက်ပြန်သော အကျင့်တရား
( တိပိအဘိဓာန်)
(တနည်း) ယောကျာ်း ယောကျာ်းချင်း ၊ မိန်းမ မိန်းမချင်းတပ်မက်နှစ်သက်မှု ( ပါထိကဝဂ္ဂအဋ္ဌကထာ)
(တနည်း) မှားယွင်းဖောက်ပြန်သော ဆန့်ကျင့်ဘက်ဝတ္ထုမဟုတ်သော လိင်တူချင်းဖြစ်သောဝတ္ထုကို တပ်မက်တတ်သော လောဘတရား ( ပါထိကဝဂ္ဂဋီကာ)
( တနည်း ) မှီဝဲသင့်မှီဝဲအပ်သည့်ဝတ္ထုမဟုတ်သည်ကို မှီဝဲခြင်းဟုဆိုအပ်သော မှားယွင်းမှု ( အဂုၤတ္တိရ်အဋ္ဌကထာ)
မိစ္ဆာဓမ္မနဲ့ပက်သက်ပြီး သုတ်ပါထေယျပါဠိတော် စက္ကဝတ္တိသုတ်နဲ့ အဂုၤတ္တိုရ် တိကနိပါတ်ပါဠိတော် ပလောကသုတ် တို့ကို ရှုပြီး လောကကြီးမှာ လူတွေ သက်တမ်းတွေ ဆုတ်ယုတ်လာကြရတာ ရုပ်ရည်အဆင်းတွေ ဆုတ်ယုတ်လာကြရတာတွေဟာ ဘာကြောင့်လဲဆိုရင် အစဉ်အတိုင်းအားဖြင့် အတိုးချုံးပြီးပြောမယ်ဆိုရင်ပေါ့လေ
ရှေးယခင်က လူတွေဟာ သက်တမ်း ရှစ်သောင်းထိရှည်ကြပါတယ် ၊ အဲ့ဒီလို သက်တမ်းရှည်တဲ့သူတွေခေတ်မှာ မင်းအဆက်ဆက်အုပ်ချုပ်ပုံကောင်းလို့ တိုင်းသူပြည်သားတွေကို စောင့်ရှောက်ကြတဲ့အခါ ဒုစရိုက်မှု အကုသိုလ်အစုတွေကင်းပြီး ချမ်းသာမြဲ ချမ်းသာကြ အသက်ရှည်မြဲရှည်ကြ အဆင်းလှမြဲ လှကြတယ် ။
အုပ်ချုပ်တဲ့မင်း မကောင်းတဲ့အခါကြတော့ ဘာဖြစ်သလဲဆိုရင် ဆင်းရဲတဲ့သူတွေကို သင့်တင့်မျှတအောင် ဥစ္စာစည်းစိမ်မပေးဘူး ၊ မပေးတော့ ဆင်းရဲ ၊ ဆင်းရဲတော့ ဆင်းရဲခြင်းရဲ့ဒဏ်ကို မခံနိုင်လို့ အဒိန္နာဒါနခေါ်တဲ့ ခိုးမှု ဒုစရိုက်ပေါ်ပေါက်လာတယ် ၊ စပေါ်ကာစမှာတော့ ခိုးတဲ့သူကို ဘာကြောင့်ခိုးရတာလဲသိတော့ ပြစ်ဒဏ်မပေးပဲ ဥစ္စာပေးပြီး ပြန်လွှတ်တယ် ၊ ဒီလိုလုပ်တယ်ဆိုတာ သိတော့ ခိုးမှုတွေက ပိုများလာတယ် ၊ ဒါကြောင့် ခိုးတဲ့သူတွေကို ပြစ်ဒဏ်ပေးပြီး ဓားလက်နက်နဲ့ သတ်တော့တယ် ၊ အဲ့ဒီအခါ ပိုဆိုးသွားတယ် ၊ ကျန်တဲ့ပြည်သူတွေကပါ သူများပစ္စည်းကို ခိုးရုံမက လုယက်သတ်ဖြတ်တာတွေ ပေါ်ပေါက်လာတယ် ၊ လောကကြီးမှာ ခိုးမှု ၊ သတ်မှုဆိုတဲ့ အဒိန္နဒါနနဲ့ပါဏာတိပါတ ဒုစရိုက်နှစ်ခုပေါ်ပေါက်လာတယ် ။
အဲ့ဒီဒုစရိုက်နှစ်ခုပေါ်ပေါက်လာပြီး နောက်ပိုင်း လူတွေရဲ့သက်တမ်းတွေ ရုပ်ရည်အဆင်းတွေ ဆုတ်ယုတ်သွားတယ် ၊ သူတို့ကမွေးလာတဲ့ သားသမီးတွေဟာ သက်တမ်းလေးသောင်းပဲ အသက်ရှည်ကြတော့တယ် ။
အဲ့ဒီအဒိန္နဒါနနဲ့ပါဏာတိပါတ က တိုးပွားလာပြီးတော့ ဘာထပ်ပေါ်လာသလဲဆိုရင် လိမ်ညာပြောတဲ့ မုသာဝါဒပေါ်လာပြန်တယ် ။ သက်တမ်းနဲ့အဆင်း ဆုတ်ယုတ်သွားပြန်တယ် ။ နောက်ထပ် ကုန်းချောစကားပြောတဲ့ ကိုယ့်ကိုချစ်ပြီး သူ့ကိုမုန်းအောင် ပြောတဲ့ ပိသုဏဝါစာ ပေါ်လာပြန်တယ် ၊ သက်တမ်း.အဆင်းဆုတ်ပြန်တယ် ၊ အဆင်းကွာတော့ လှပတဲ့သူတပါးသားမယားကိုဆော်ကားတဲ့ ကာမေသုမိစ္ဆာစာရ ပေါ်လာပြန်တယ် ။ နောက်ထပ် ကြမ်းတမ်းစွာပြောတဲ့ ဖရုသဝါစာ ၊ ပြိန်ဖျင်းအကျိုးမဲ့စကား သမ္ဖပ္ပလာပ ဒုစရိုက်နှစ်ပါး ထပ်ပေါ်လာတယ် ။ ထိုကတဆင့် သူတပါးစည်းစိမ်းဥစ္စာကို ရှေ့ရှုကြံစည်တဲ့ အဘိဇ္ဈာ ၊ သူတပါးကို ပျက်စီးဆုတ်ယုတ်စေလိုတဲ့ ဗျာပါဒ တရားဆိုးတွေ လောကကြီးမှာ ပေါ်ပေါက်ခဲ့ပြန်တယ် ၊ ထိုအချိန် သက်တမ်းက တစ်ထောင်ထိ ဆုတ်ယုတ်ခဲ့ပြီ ၊ အဲ့ဒီအချိန်မှာ မှားယွင်းတဲ့အယူဝါဒအမျိုးမျိုးဖြစ်တဲ့ မိစ္ဆာဒိဋ္ဌိ အကုသိုလ်ပေါ်ပေါက်လာပြန်တယ် ။ ဒုစရိုက်ဆယ်ပါးလုံး လောကကြီးမှာ စုံပြီ သက်တမ်းတွေ အဆင်းတွေလည်း ဆုတ်ယုတ်ပျက်စီးခြင်းမလှ ဆုတ်ယုတ်ပျက်စီးကုန်ကြပြီ ။
( ဒီလိုအချိန်မျိုး ဦးဇင်းတို့ဘုရားက ပွင့်လာလို့ အခုကခံသာနေတာ သိပ်မဆုတ်ယုတ်သေးတာ ဘုရားမပွင့်ဘူးဆိုရင် အသက်တမ်းတွေ ရုပ်ရည်အဆင်းတွေ ပိုဆိုးပြီး ဆုတ်ယုတ်နေပြီ အခုကိုကြည့် အတော်ကြီး ဆုတ်ယုတ်နေပြီ)
အဲ့ဒီကနေ ဘာထပ်ပေါ်လာသလဲဆိုရင် တရားသုံးပါး ထွန်းကားလာတယ် ၊
၁ ။ အဓမ္မရာဂ = အမေ အဒေါ် အစ်မ ညီမ သမီးတို့အပေါ်၌ တပ်မက်ခြင်းရာဂ ၊
၂ ။ ဝိသမလောဘ = အလွန်အားကြီးပြင်းထန် မခံစားသင့်သောအရာတို့၌ လိုချင်တပ်မက်ခြင်းလောဘ ၊
၃ ။ မိစ္ဆာဓမ္မ = မှားယွင်းဖောက်ပြန်သော ယောကျ်ားအချင်းချင်း မိန်းမအချင်းချင်း တပ်မက်နှစ်သက်ခြင်း ဆိုတဲ့ တရားဆိုးသုံးပါးပေါ်ပေါက်လာတယ် ၊ ထိုအခါ အမိ၌ပြုသင့်ပြုထိုက်သော ကျင့်ဝတ်တရားတွေကိုလည်း မပြုကြတော့ဘူး ၊ မလုပ်ကျွေး.မပြုစု.မရိုသေကြတော့ဘူး ၊ အဖ၌ ပြုသင့်ပြုထိုက်သော ကျင့်ဝတ်တရားတွေကိုလည်း မပြုကြတော့ဘူး ၊ ရဟန်းသူတော်စင် သူတော်မြတ်တို့၌ ထို့အတူ မပြုကြတော့ဘူး ၊ လူကြီးသူမတွေကိုလည်း ရိုသေးခြင်းမရှိကြတော့ဘူး ။ ထိုအချိန်၌ သက်တမ်းဟာ ဆယ်နှစ်ထိအောင် ဆုတ်ယုတ်ပြီး လောကကြီးမှာလဲ ကောင်းတယ်ဆိုသည့် အရာမှန်သမျှလည်း ပျောက်ကွယ်ကုန်ပြီးတော့ လူတွေဟာ ဆိတ်.သိုး.ကြက်.ဝက်.ခွေး.မြေခွေးတို့ကဲ့သို့ လောကကြီးသည် ရောယှက်ရှုပ်ထွေး စည်းကမ်းပျက်ခြင်းသို့ ရောက်သွားလိမ့်မည် ။ သားနှင့်အမိ မောင်နှင့်နှမ ဆွေးမျိုးပေါက်ဖော် စသည်သဘောမထား လူအချင်းချင်း သတ်ဖြတ်လိုစိတ်.မုန်းတီးစိတ်.ပြင်းထန်းပြီး ရရာလက်နက်ဖြင့် အချင်းချင်း သတ်ဖြတ်ကြတဲ့ သတ္ထန္တရကပ်ဆိုက်ရောက်ကာ လောကကြီး ပျက်စီးသွားပါလိမ့်မယ် ။
အဲ့ဒီလို သတ္ထန္တရကပ် ဆိုက်သည့်အခါ အချို့သူတော်ကောင်းစိတ် လက်ကျန်ရှိတဲ့သူတွေက လွတ်ရာရှောင်ပြေးကာ ပုန်းနေကြလိမ့်မယ် ။ ထိုကပ်ကြီး ခုနစ်ရက်ဆိုက်ပြီး အားလုံးသေကုန်ကြတဲ့အခါ ပုန်းနေကြတဲ့သူတွေပဲ ကျန်ခဲ့မယ် ၊ သူတို့တွေက ကပ်ကြီးကလွတ်ပြီး အချင်းချင်း သက်ရှိအချင်းချင်း ပြန်တွေ့ရလို့ ဝမ်းမြောက်ဝမ်းသာတွေဖြစ်ပြီး ကပ်ကြီးရဲ့အနိဋ္ဌာရုံကို မြင်ရလို့ ငါတို့တွေ ပါဏာတိပါတက ရှောင်ကြစို့ ၊ ကောင်းတာတွေပဲ ကြိုးစားပြုကြစို့လို့ တိုင်ပင်းပြီး ရှောင်ကြဉ်ကြတဲ့အခါ လောကကြီးမှာ သုစရိုက်တစ်ပါးပေါ်ပေါက်လာတယ် ၊ သူတို့ကမွေးတဲ့သားသမီးတွေကျတော့ သက်တမ်းနှစ်ဆယ် ပြန်တက်သွားတယ် ၊ အသက်.အဆင်း ပြန်တက်ပြီပေါ့ ၊ အဲ့ဒီကနေ အဆင့်ဆင့် ဒုစရိုက်မှုတွေ ရှောင်ရှောင်လာပြီး သုစရိုက်ဆယ်ပါးစုံသွားတဲ့အခါ လူတွေရဲ့သက်တမ်းဟာလည်း ရှစ်သောင်းတမ်းထိတက်သွားတယ် ၊ သီလတွေကောင်းလို့ ရောဂါဆိုလို့ တပ်မက်ခြင်း ၊ ဆာလောင်ခြင်း ၊ အိုခြင်း သုံးမျိုးပဲ ရှိတော့တယ် ၊ အစာရေစာ ပေါများ ရတနာမျိုးစုံစုပုံ လောကကြီးဟာလည်း သိပ်ကို သာယာစည်ကားငြိမ်းချမ်းသွားတယ် ၊ (ပလောကသုတ်မှာလည်း ပုဏ္ဏားအမေးကို ဘုရားရှင်က ဤအတိုင်းပင် ဖြေခဲ့ပါတယ်)
ဤသုတ်တော်များကို ထောက်ရှုပြီးတော့ ယခုခေတ် လိင်တူချစ်သူကိစ္စတွေ တွင်ကျယ်ခေတ်စားလာခြင်းသည် ကောင်း၏. မကောင်း၏ ဆင်ခြင်သိနိုင်ကြပါတယ် ။ မြတ်စွာဘုရားရှင်ရဲ့ တရားတော်တိုင်းဟာ ပရမတ္ထဒေသနာ အဘိဓမ္မာအမြင်နဲ့ချည်း ကြည့်လို့မရပါဘူး ၊ ဝေါဟာရတ္ထဒေသနာခေါ်တဲ့ သုတ္တန် ဝိနည်းဒေသနာတွေကို လောကလူအများ ပညတ်သမုတ်ခေါ်ဝေါ်ခြင်းအားဖြင့် ဟောကြားတော်မူခဲ့ရတာတွေလည်း ရှိပါတယ် ၊ ဘာလို့လဲ ဒါတွေက မမှန်ဘူးလား မှန်တာပါပဲ လောကကြီးမှာ နေထိုင်အသက်ရှင်နေကြသည် ဖြစ်သောကြောင့် လောကလူအများ သတ်မှတ်ချက်များသည်လည်း အမှန်တရားများပင် ဖြစ်ပါတယ် ၊ သစ္စာအားဖြင့်ဆိုက သမ္မုတိသစ္စာလို့ ခေါ်တာပေါ့ ၊ နေရာတကာ သူမဟုတ် ငါမဟုတ် နာမ်နဲ့ရုပ်ချည်းပဲ လုပ်နေရင် အမေဆိုတာ မရှိတော့ဘူး ၊ အဖေဆိုတာ မရှိတော့ဘူး ၊ အမေ့ကျေးဇူး မရှိတော့ဘူး ၊ အဖေ့ကျေးဇူး မရှိတော့ဘူး ၊ ရဟန်း ၊ သူတော်စင်မရှိတော့ဘူး ၊ ဒါန သီလ မရှိတော့ဘူး ။
လောကကျင့်ဝတ်အလိုက် ဟိရီသြတ္တပ္ပတရား ထားသင့်သည့်နေရာ ထားကြရမယ် ၊ ရှောင်ကြဉ်သင့်သောအမှုကို ရှောင်ကြဉ်ကြရမယ် ၊ စောင့်စည်းသင့်သောအမှုကို စောင့်စည်းကြရမယ် ၊ ရှက်သင့်သောကိစ္စ ရှက်ရမယ် ၊ ကြောက်သင့်သောကိစ္စ ကြောက်ကြရမယ် ၊ ပညတ်သမ္မုတိကို လောကီနယ်အတွင်း နေနေသမျှ ပယ်ရှား၍မရပါဘူး ၊ တရားကို တကယ်ကြီး လွတ်အောင်ကျွတ်အောင် အားထုတ်မှသာ ရုပ်နမ်အမြင် နာမရူပပရိစ္ဆေဒဉာဏ်ကို အသုံးချရတာ ဖြစ်ပါတယ် ၊ မကောင်းမှုပြုရန်အတွက် တလွဲအသုံးချကြဖို့ မဟုတ်ပါဘူး ။
အဓိပ္ပါယ်မရှိသော ကိစ္စများကို လိုက်နာစောင့်ထိန်းဖို့မလိုပေမဲ့ လောကသင်္ကေတနိမ္မိတာ = လောကအတွင်း ရှေးပညာရှိ သူတော်ကောင်းအဆက်ဆက် သမုတ်ပညတ်ထားတဲ့ လူ့ယဉ်ကျေးမှု လူ့စည်းကမ်း လူ့ဥပဒေ လောကဥပဒေ သီလတရားတွေကို ဘုရားရှင်လည်း မပစ်ပယ်ခဲ့သလို့ ဟိရီသြတ္တပ္ပရှိကြတဲ့ သူတော်ကောင်းမှန်သမျှသည်လည်း လိုက်နာကြရမှာပါ ။ ဆုတ်ကပ်ခေတ်ဖြစ်လာတာနှင့်အမျှ စက္ကဝတ္တိသုတ်တော်ဒေသနာအရ လူတွေရဲ့ ကိုယ်ကျင့်တရားတွေ သုစရိုက်တရားတွေ သီလတရားတွေဟာ ဆုတ်ယုတ်မှုတွေ သိပ်ကို များလာကြတယ် ၊ မကောင်းမှုကိုပင် မကောင်းမှုလို့ သိပ်မထင်ကြ ၊ ကောင်းမှုကိုပင် မကောင်းမှုရယ်လို့လည်း ထင်မြင်တတ်ကြတယ် ၊ ကောင်းတာလုပ်သူကို ကဲ့ရဲ့ကြပြီး မကောင်းမှုလုပ်တဲ့သူကိုပင် သူတော်ကောင်းကဲ့သို့ ပူဇော်ကြ သူရဲကောင်းကဲ့သို့ ထင်မြင်တတ်ကြပါတယ် ၊ ဒါဟာ ဘုရားဟောသည့်အထဲမှာလည်း ထိုအတိုင်းပင် အတိအကျ ဖော်ပြထားပါတယ် ၊ ဒီမှာ စာရှည်မှာစိုးလို့ သုတ်အကုန်လုံးကို မဖော်ပြခြင်းပါ ။ ဒါကြောင့် မိစ္ဆာဓမ္မတွေ ထွန်းကားလာခြင်းဟာ လောကကြီးအတွက် ကောင်းမွန်တဲ့လက္ခဏာတော့ မဟုတ်ပါဘူးဆိုတာကို သုတ်ပါထေယျပါဠိတော် စက္ကဝတ္တိသုတ် ၊ အဂုၤတ္တိုရ် တိကနိပါတ်ပါဠိတော် ပလောကသုတ် တို့ကို ထောက်ရှု၍ တင်ပြလိုက်ပါရတယ် ။
သူတော်ကောင်းတရားများ ထွန်းကားပါစေသတည်း...
ရေးသားသူ - Ashin Pyinnyartharmi
အရှင်ပညာသာမိ
...
... မူရင်းအတွက် #Credit
...
မိစၦာဓမၼ = လိင္တူခ်င္းတပ္မက္မႈ
ခုတေလာ လိုင္းေပၚမွာ ဒီကိစၥနဲ႔ပက္သက္ၿပီး နာမည္ႀကီး လူေျပာမ်ားလာတာေၾကာင့္ ၊ လာၿပီးေတာ့လည္း ေမးၾကတာေၾကာင့္ ဘာသာေရး႐ႈေထာင့္ကေနၿပီး နည္းနည္းေလာက္ေတာ့ ေရးဦးမယ္စိတ္ကူးၿပီး ေရးလိုက္ပါတယ္ ။
မိစၦာဓမၼ - မွားယြင္းေဖာက္ျပန္ေသာ အက်င့္တရား
( တိပိအဘိဓာန္)
(တနည္း) ေယာက်ာ္း ေယာက်ာ္းခ်င္း ၊ မိန္းမ မိန္းမခ်င္းတပ္မက္ႏွစ္သက္မႈ ( ပါထိကဝဂၢအ႒ကထာ)
(တနည္း) မွားယြင္းေဖာက္ျပန္ေသာ ဆန္႔က်င့္ဘက္ဝတၳဳမဟုတ္ေသာ လိင္တူခ်င္းျဖစ္ေသာဝတၳဳကို တပ္မက္တတ္ေသာ ေလာဘတရား ( ပါထိကဝဂၢဋီကာ)
( တနည္း ) မီွဝဲသင့္မီွဝဲအပ္သည့္ဝတၳဳမဟုတ္သည္ကို မီွဝဲျခင္းဟုဆိုအပ္ေသာ မွားယြင္းမႈ ( အဂုၤတၱိရ္အ႒ကထာ)
မိစၦာဓမၼနဲ႔ပက္သက္ၿပီး သုတ္ပါေထယ်ပါဠိေတာ္ စကၠဝတၱိသုတ္နဲ႔ အဂုၤတၱိဳရ္ တိကနိပါတ္ပါဠိေတာ္ ပေလာကသုတ္ တို႔ကို ႐ႈၿပီး ေလာကႀကီးမွာ လူေတြ သက္တမ္းေတြ ဆုတ္ယုတ္လာၾကရတာ ရုပ္ရည္အဆင္းေတြ ဆုတ္ယုတ္လာၾကရတာေတြဟာ ဘာေၾကာင့္လဲဆိုရင္ အစဥ္အတိုင္းအားျဖင့္ အတိုးခ်ဳံးၿပီးေျပာမယ္ဆိုရင္ေပါ့ေလ
ေ႐ွးယခင္က လူေတြဟာ သက္တမ္း ႐ွစ္ေသာင္းထိ႐ွည္ၾကပါတယ္ ၊ အဲ့ဒီလို သက္တမ္း႐ွည္တဲ့သူေတြေခတ္မွာ မင္းအဆက္ဆက္အုပ္ခ်ဳပ္ပုံေကာင္းလို႔ တိုင္းသူျပည္သားေတြကို ေစာင့္ေ႐ွာက္ၾကတဲ့အခါ ဒုစ႐ိုက္မႈ အကုသိုလ္အစုေတြကင္းၿပီး ခ်မ္းသာျမဲ ခ်မ္းသာၾက အသက္႐ွည္ျမဲ႐ွည္ၾက အဆင္းလွျမဲ လွၾကတယ္ ။
အုပ္ခ်ဳပ္တဲ့မင္း မေကာင္းတဲ့အခါၾကေတာ့ ဘာျဖစ္သလဲဆိုရင္ ဆင္းရဲတဲ့သူေတြကို သင့္တင့္မွ်တေအာင္ ဥစၥာစည္းစိမ္မေပးဘူး ၊ မေပးေတာ့ ဆင္းရဲ ၊ ဆင္းရဲေတာ့ ဆင္းရဲျခင္းရဲ႕ဒဏ္ကို မခံႏိုင္လို႔ အဒိႏၷာဒါနေခၚတဲ့ ခိုးမႈ ဒုစ႐ိုက္ေပၚေပါက္လာတယ္ ၊ စေပၚကာစမွာေတာ့ ခိုးတဲ့သူကို ဘာေၾကာင့္ခိုးရတာလဲသိေတာ့ ျပစ္ဒဏ္မေပးပဲ ဥစၥာေပးၿပီး ျပန္လႊတ္တယ္ ၊ ဒီလိုလုပ္တယ္ဆိုတာ သိေတာ့ ခိုးမႈေတြက ပိုမ်ားလာတယ္ ၊ ဒါေၾကာင့္ ခိုးတဲ့သူေတြကို ျပစ္ဒဏ္ေပးၿပီး ဓားလက္နက္နဲ႔ သတ္ေတာ့တယ္ ၊ အဲ့ဒီအခါ ပိုဆိုးသြားတယ္ ၊ က်န္တဲ့ျပည္သူေတြကပါ သူမ်ားပစၥည္းကို ခိုး႐ုံမက လုယက္သတ္ျဖတ္တာေတြ ေပၚေပါက္လာတယ္ ၊ ေလာကႀကီးမွာ ခိုးမႈ ၊ သတ္မႈဆိုတဲ့ အဒိႏၷဒါနနဲ႔ပါဏာတိပါတ ဒုစ႐ိုက္ႏွစ္ခုေပၚေပါက္လာတယ္ ။
အဲ့ဒီဒုစ႐ိုက္ႏွစ္ခုေပၚေပါက္လာၿပီး ေနာက္ပိုင္း လူေတြရဲ႕သက္တမ္းေတြ ႐ုပ္ရည္အဆင္းေတြ ဆုတ္ယုတ္သြားတယ္ ၊ သူတို႔ကေမြးလာတဲ့ သားသမီးေတြဟာ သက္တမ္းေလးေသာင္းပဲ အသက္႐ွည္ၾကေတာ့တယ္ ။
အဲ့ဒီအဒိနၷဒါနနဲ႔ပါဏာတိပါတ က တိုးပြားလာၿပီးေတာ့ ဘာထပ္ေပၚလာသလဲဆိုရင္ လိမ္ညာေျပာတဲ့ မုသာဝါဒေပၚလာျပန္တယ္ ။ သက္တမ္းနဲ႔အဆင္း ဆုတ္ယုတ္သြားျပန္တယ္ ။ ေနာက္ထပ္ ကုန္းေခ်ာစကားေျပာတဲ့ ကိုယ့္ကိုခ်စ္ၿပီး သူ႔ကိုမုန္းေအာင္ ေျပာတဲ့ ပိသုဏဝါစာ ေပၚလာျပန္တယ္ ၊ သက္တမ္း.အဆင္းဆုတ္ျပန္တယ္ ၊ အဆင္းကြာေတာ့ လွပတဲ့သူတပါးသားမယားကိုေဆာ္ကားတဲ့ ကာေမသုမိစၦာစာရ ေပၚလာျပန္တယ္ ။ ေနာက္ထပ္ ၾကမ္းတမ္းစြာေျပာတဲ့ ဖ႐ုသဝါစာ ၊ ၿပိန္ဖ်င္းအက်ိဳးမဲ့စကား သမၹပၸလာပ ဒုစ႐ိုက္ႏွစ္ပါး ထပ္ေပၚလာတယ္ ။ ထိုကတဆင့္ သူတပါးစည္းစိမ္းဥစၥာကို ေ႐ွ႕႐ႈၾကံစည္တဲ့ အဘိဇၥ်ာ ၊ သူတပါးကို ပ်က္စီးဆုတ္ယုတ္ေစလိုတဲ့ ဗ်ာပါဒ တရားဆိုးေတြ ေလာကႀကီးမွာ ေပၚေပါက္ခဲ့ျပန္တယ္ ၊ ထိုအခ်ိန္ သက္တမ္းက တစ္ေထာင္ထိ ဆုတ္ယုတ္ခဲ့ၿပီ ၊ အဲ့ဒီအခ်ိန္မွာ မွားယြင္းတဲ့အယူဝါဒအမ်ိဳးမ်ိဳးျဖစ္တဲ့ မိစၦာဒိ႒ိ အကုသိုလ္ေပၚေပါက္လာျပန္တယ္ ။ ဒုစ႐ိုက္ဆယ္ပါးလုံး ေလာကႀကီးမွာ စုံၿပီ သက္တမ္းေတြ အဆင္းေတြလည္း ဆုတ္ယုတ္ပ်က္စီးျခင္းမလွ ဆုတ္ယုတ္ပ်က္စီးကုန္ၾကၿပီ ။
( ဒီလိုအခ်ိန္မ်ိဳး ဦးဇင္းတို႔ဘုရားက ပြင့္လာလို႔ အခုကခံသာေနတာ သိပ္မဆုတ္ယုတ္ေသးတာ ဘုရားမပြင့္ဘူးဆိုရင္ အသက္တမ္းေတြ ရုပ္ရည္အဆင္းေတြ ပိုဆိုးၿပီး ဆုတ္ယုတ္ေနၿပီ အခုကိုၾကည့္ အေတာ္ႀကီး ဆုတ္ယုတ္ေနၿပီ)
အဲ့ဒီကေန ဘာထပ္ေပၚလာသလဲဆိုရင္ တရားသုံးပါး ထြန္းကားလာတယ္ ၊
၁ ။ အဓမၼရာဂ = အေမ အေဒၚ အစ္မ ညီမ သမီးတို႔အေပၚ၌ တပ္မက္ျခင္းရာဂ ၊
၂ ။ ဝိသမေလာဘ = အလြန္အားႀကီးျပင္းထန္ မခံစားသင့္ေသာအရာတို႔၌ လိုခ်င္တပ္မက္ျခင္းေလာဘ ၊
၃ ။ မိစၦာဓမၼ = မွားယြင္းေဖာက္ျပန္ေသာ ေယာက်္ားအခ်င္းခ်င္း မိန္းမအခ်င္းခ်င္း တပ္မက္ႏွစ္သက္ျခင္း ဆိုတဲ့ တရားဆိုးသုံးပါးေပၚေပါက္လာတယ္ ၊ ထိုအခါ အမိ၌ျပဳသင့္ျပဳထိုက္ေသာ က်င့္ဝတ္တရားေတြကိုလည္း မျပဳၾကေတာ့ဘူး ၊ မလုပ္ေကြၽး.မျပဳစု.မ႐ိုေသၾကေတာ့ဘူး ၊ အဖ၌ ျပဳသင့္ျပဳထိုက္ေသာ က်င့္ဝတ္တရားေတြကိုလည္း မျပဳၾကေတာ့ဘူး ၊ ရဟန္းသူေတာ္စင္ သူေတာ္ျမတ္တို႔၌ ထို႔အတူ မျပဳၾကေတာ့ဘူး ၊ လူႀကီးသူမေတြကိုလည္း ႐ိုေသးျခင္းမရိွၾကေတာ့ဘူး ။ ထိုအခ်ိန္၌ သက္တမ္းဟာ ဆယ္ႏွစ္ထိေအာင္ ဆုတ္ယုတ္ၿပီး ေလာကႀကီးမွာလဲ ေကာင္းတယ္ဆိုသည့္ အရာမွန္သမွ်လည္း ေပ်ာက္ကြယ္ကုန္ၿပီးေတာ့ လူေတြဟာ ဆိတ္.သိုး.ျကက္.ဝက္.ေခြး.ေျမေခြးတို႔ကဲ့သို႔ ေလာကႀကီးသည္ ေရာယွက္႐ႈပ္ေထြး စည္းကမ္းပ်က္ျခင္းသို႔ ေရာက္သြားလိမ့္မည္ ။ သားႏွင့္အမိ ေမာင္ႏွင့္ႏွမ ေဆြးမ်ိဳးေပါက္ေဖာ္ စသည္သေဘာမထား လူအခ်င္းခ်င္း သတ္ျဖတ္လိုစိတ္.မုန္းတိီးစိတ္.ျပင္းထန္းၿပီး ရရာလက္နက္ျဖင့္ အခ်င္းခ်င္း သတ္ျဖတ္ၾကတဲ့ သတၳႏၱရကပ္ဆိုက္ေရာက္ကာ ေလာကႀကီး ပ်က္စီးသြားပါလိမ့္မယ္ ။
အဲ့ဒီလို သတၳႏၱရကပ္ ဆိုက္သည့္အခါ အခ်ိဳ႕သူေတာ္ေကာင္းစိတ္ လက္က်န္ရိွတဲ့သူေတြက လြတ္ရာေ႐ွာင္ေျပးကာ ပုန္းေနၾကလိမ့္မယ္ ။ ထိုကပ္ႀကီး ခုနစ္ရက္ဆိုက္ၿပီး အားလုံးေသကုန္ၾကတဲ့အခါ ပုန္းေနၾကတဲ့သူေတြပဲ က်န္ခဲ့မယ္ ၊ သူတို႔ေတြက ကပ္ႀကီးကလြတ္ၿပီး အခ်င္းခ်င္း သက္ရိွအခ်င္းခ်င္း ျပန္ေတြ႔ရလို႔ ဝမ္းေျမာက္ဝမ္းသာေတြျဖစ္ၿပီး ကပ္ႀကီးရဲ႕အနိ႒ာ႐ုံကို ျမင္ရလို႔ ငါတို႔ေတြ ပါဏာတိပါတက ေ႐ွာင္ၾကစို႔ ၊ ေကာင္းတာေတြပဲ ႀကိဳးစားျပဳၾကစို႔လို႔ တိုင္ပင္းၿပီး ေ႐ွာင္ၾကဥ္ၾကတဲ့အခါ ေလာကႀကီးမွာ သုစ႐ိုက္တစ္ပါးေပၚေပါက္လာတယ္ ၊ သူတို႔ကေမြးတဲ့သားသမီးေတြက်ေတာ့ သက္တမ္းႏွစ္ဆယ္ ျပန္တက္သြားတယ္ ၊ အသက္.အဆင္း ျပန္တက္ၿပီေပါ့ ၊ အဲ့ဒီကေန အဆင့္ဆင့္ ဒုစ႐ိုက္မႈေတြ ေ႐ွာင္ေ႐ွာင္လာၿပီး သုစ႐ိုက္ဆယ္ပါးစုံသြားတဲ့အခါ လူေတြရဲ႕သက္တမ္းဟာလည္း ႐ွစ္ေသာင္းတမ္းထိတက္သြားတယ္ ၊ သီလေတြေကာင္းလို႔ ေရာဂါဆိုလို႔ တပ္မက္ျခင္း ၊ ဆာေလာင္ျခင္း ၊ အိုျခင္း သုံးမ်ိဳးပဲ ရိွေတာ့တယ္ ၊ အစာေရစာ ေပါမ်ား ရတနာမ်ိဳးစုံစုပုံ ေလာကႀကီးဟာလည္း သိပ္ကို သာယာစည္ကားၿငိမ္းခ်မ္းသြားတယ္ ၊ (ပေလာကသုတ္မွာလည္း ပုဏၰားအေမးကို ဘုရား႐ွင္က ဤအတိုင္းပင္ ေျဖခဲ့ပါတယ္)
ဤသုတ္ေတာ္မ်ားကို ေထာက္႐ႈၿပီးေတာ့ ယခုေခတ္ လိင္တူခ်စ္သူကိစၥေတြ တြင္က်ယ္ေခတ္စားလာျခင္းသည္ ေကာင္း၏. မေကာင္း၏ ဆင္ျခင္သိႏိုင္ၾကပါတယ္ ။ ျမတ္စြာဘုရား႐ွင္ရဲ႕ တရားေတာ္တိုင္းဟာ ပရမတၳေဒသနာ အဘိဓမၼာအျမင္နဲ႔ခ်ည္း ၾကည့္လို႔မရပါဘူး ၊ ေဝါဟာရတၳေဒသနာေခၚတဲ့ သုတၱန္ ဝိနည္းေဒသနာေတြကို ေလာကလူအမ်ား ပညတ္သမုတ္ေခၚေဝၚျခင္းအားျဖင့္ ေဟာၾကားေတာ္မူခဲ့ရတာေတြလည္း ရိွပါတယ္ ၊ ဘာလို႔လဲ ဒါေတြက မမွန္ဘူးလား မွန္တာပါပဲ ေလာကႀကီးမွာ ေနထိုင္အသက္႐ွင္ေနၾကသည္ ျဖစ္ေသာေၾကာင့္ ေလာကလူအမ်ား သတ္မွတ္ခ်က္မ်ားသည္လည္း အမွန္တရားမ်ားပင္ ျဖစ္ပါတယ္ ၊ သစၥာအားျဖင့္ဆိုက သမၼဳတိသစၥာလို႔ ေခၚတာေပါ့ ၊ ေနရာတကာ သူမဟုတ္ ငါမဟုတ္ နာမ္နဲ႔႐ုပ္ခ်ည္းပဲ လုပ္ေနရင္ အေမဆိုတာ မရိွေတာ့ဘူး ၊ အေဖဆိုတာ မရိွေတာ့ဘူး ၊ အေမ့ေက်းဇူး မရိွေတာ့ဘူး ၊ အေဖ့ေက်းဇူး မရိွေတာ့ဘူး ၊ ရဟန္း ၊ သူေတာ္စင္မရိွေတာ့ဘူး ၊ ဒါန သီလ မရိွေတာ့ဘူး ။
ေလာကက်င့္ဝတ္အလိုက္ ဟိရီျသတၱပၸတရား ထားသင့္သည့္ေနရာ ထားၾကရမယ္ ၊ ေ႐ွာင္ၾကဥ္သင့္ေသာအမႈကို ေ႐ွာင္ၾကဥ္ၾကရမယ္ ၊ ေစာင့္စည္းသင့္ေသာအမႈကို ေစာင့္စည္းၾကရမယ္ ၊ ႐ွက္သင့္ေသာကိစၥ ႐ွက္ရမယ္ ၊ ေၾကာက္သင့္ေသာကိစၥ ေၾကာက္ၾကရမယ္ ၊ ပညတ္သမၼဳတိကို ေလာကီနယ္အတြင္း ေနေနသမွ် ပယ္႐ွား၍မရပါဘူး ၊ တရားကို တကယ္ႀကီး လြတ္ေအာင္ကြၽတ္ေအာင္ အားထုတ္မွသာ ႐ုပ္နမ္အျမင္ နာမ႐ူပပရိေစၦဒဉာဏ္ကို အသုံးခ်ရတာ ျဖစ္ပါတယ္ ၊ မေကာင္းမႈျပဳရန္အတြက္ တလြဲအသုံးခ်ၾကဖို႔ မဟုတ္ပါဘူး ။
အဓိပၸါယ္မရိွေသာ ကိစၥမ်ားကို လိုက္နာေစာင့္ထိန္းဖို႔မလိုေပမဲ့ ေလာကသေကၤတနိမၼိတာ = ေလာကအတြင္း ေ႐ွးပညာရိွ သူေတာ္ေကာင္းအဆက္ဆက္ သမုတ္ပညတ္ထားတဲ့ လူ႔ယဥ္ေက်းမႈ လူ႔စည္းကမ္း လူ႔ဥပေဒ ေလာကဥပေဒ သီလတရားေတြကို ဘုရား႐ွင္လည္း မပစ္ပယ္ခဲ့သလို႔ ဟိရီျသတၱပၸရိွၾကတဲ့ သူေတာ္ေကာင္းမွန္သမွ်သည္လည္း လိုက္နာၾကရမွာပါ ။ ဆုတ္ကပ္ေခတ္ျဖစ္လာတာႏွင့္အမွ် စကၠဝတၱိသုတ္ေတာ္ေဒသနာအရ လူေတြရဲ႕ ကိုယ္က်င့္တရားေတြ သုစ႐ိုက္တရားေတြ သီလတရားေတြဟာ ဆုတ္ယုတ္မႈေတြ သိပ္ကို မ်ားလာၾကတယ္ ၊ မေကာင္းမႈက္ုိပင္ မေကာင္းမႈလို႔ သိပ္မထင္ၾက ၊ ေကာင္းမႈကိုပင္ မေကာင္းမႈရယ္လို႔လည္း ထင္ျမင္တတ္ၾကတယ္ ၊ ေကာင္းတာလုပ္သူကို ကဲ့ရဲ႕ၾကၿပီး မေကာင္းမႈလုပ္တဲ့သူကိုပင္ သူေတာ္ေကာင္းကဲ့သို႔ ပူေဇာ္ၾက သူရဲေကာင္းကဲ့သို႔ ထင္ျမင္တတ္ၾကပါတယ္ ၊ ဒါဟာ ဘုရားေဟာသည့္အထဲမွာလည္း ထိုအတိုင္းပင္ အတိအက် ေဖာ္ျပထားပါတယ္ ၊ ဒီမွာ စာ႐ွည္မွာစိုးလို႔ သုတ္အကုန္လုံးကို မေဖာ္ျပျခင္းပါ ။ ဒါေၾကာင့္ မိစၦာဓမၼေတြ ထြန္းကားလာျခင္းဟာ ေလာကႀကီးအတြက္ ေကာင္းမြန္တဲ့လကၡဏာေတာ့ မဟုတ္ပါဘူးဆိုတာကို သုတ္ပါေထယ်ပါဠိေတာ္ စကၠဝတၱိသုတ္ ၊ အဂုၤတၱိဳရ္ တိကနိပါတ္ပါဠိေတာ္ ပေလာကသုတ္ တို႔ကို ေထာက္႐ႈ၍ တင္ျပလိုက္ပါရတယ္ ။
သူေတာ္ေကာင္းတရားမ်ား ထြန္းကားပါေစသတည္း...
ေရးသားသူ - Ashin Pyinnyartharmi
အ႐ွင္ပညာသာမိ
...
... မူရင္းအတြက္ #Credit
...
Subscribe to:
Post Comments (Atom)
အောင်ပွဲနဲ့အတူတူ အိမ်ပြန်လှခဲ့ပြီ 👍👍👍👍👍👍👍👍👍👍👍 #Credit Nay Thway
အောင်ပွဲနဲ့အတူတူ အိမ်ပြန်လှခဲ့ပြီ 👍 👍 👍 👍 👍 👍 👍 👍 👍 👍 👍 # Credit Nay Thway ဒီနေ့ အပြီးသတ်လျှောက်လဲချက်မှာတော့ မြန်မာဘက်က...

-
နဂါးမောက်သီး + ချဉ်စော်ခါးသီး = သေ shareထားလိုက်တန်ဖိုးရှိတယ် နဂါးမောက်သီး + ပိန်းနဲသီး = သေ နဂါးမောက်သီး + ကြက်ဥ = သေ နွားနို့ + မှို =...
-
အောင်ပွဲနဲ့အတူတူ အိမ်ပြန်လှခဲ့ပြီ 👍 👍 👍 👍 👍 👍 👍 👍 👍 👍 👍 # Credit Nay Thway ဒီနေ့ အပြီးသတ်လျှောက်လဲချက်မှာတော့ မြန်မာဘက်က...
-
Site Organization and Planning နှင့်ပတ်သတ်လို့ (၁) ဒီပို့စ်လေးမှာပြောချင်တာကတော့ ဒီ Construction Site နဲ့ပတ်သတ်လို့ စီစဉ်မှု Arrangem...
No comments:
Post a Comment